မြင်းရှစ်ကောင်ဆွဲလာတဲ့ရထားလုံးကြီးအတွင်းထဲတွင်သမားတော်စီးပေးသွားတဲ့ဆေးပတ်တီးကိုဘက်ဘယ်ဘက်မှာပတ်ထားတဲ့လီဟွမ်းသည်
ညာဘက်လက်ကသူ့ဘေးနားကထိုင်တဲ့ကြင်ယာတော်လေးလက်ကိုဆုတ်လိုက်ဖွလိုက်လုပ်နေ၏စစ်ချီပြီးပြန်လာတဲ့လမ်းတစ်လျှောက်တွင်ပထမဆုံးတပ်စွဲထားရာခံတပ်ကိုပြန်သွားရမည် သူတို့ကလေးလေးအဲ့ဒီ့မှာရှိသည်
"ကိုယ်တော်တော့ရူးမှာ မင်းသာထပ်ပျောက်သွားရင်ရူးမှာ"
ယုံးဘို့ကမျက်နှာမကောင်းနိုင်သေးဘူး
"ဟွမ်းကိုပြောစရာရှိတယ်"
ယုံးဘို့ဆိုလိုမည့်အကြောင်းအရင်းကိုသိတဲ့လီဟွမ်းသည်ယုံးဘို့နဲ့ခေါင်းလေးကိုလက်နဲ့ဆွဲပြီးသူ့ပခုံးမှာမှီစေသည်
"ဘာမှမပြောနဲ့တော့ ဒီအတိုင်းလေးပဲတစ်ရေးလောက်ငါ့ပခုံးပေါ်မှာမှေးလိုက်"
"ကျွန်တော်တို့ကလေးလေးရေထဲပါသွားတယ်"
တုန်တုန်လှုပ်လှုပ်အားယူပြောပြီးတော့မှာလီဟွမ်းရင်ခွင်ထဲတိုးဖက်လာသည် ဖက်ထားချင်ပေမဲ့လက်တစ်ဖက်ကလှုပ်ရှားလို့မရဘူး
"ရေစီးထဲမှာဘယ်လောက်တောင်...ဟွမ်း ရှာကြည့်ရအောင်...ပင်လယ်ထဲဆင်းပြီးတော့ရှာရမယ်ဆိုရင်ေတာင်ကျွန်တော်ရှာမယ်"
ငိုသံပါပါလာတဲ့ယုံးဘို့ကိုရေစီးနဲ့အတူခံတပ်ဆီမြောလာတဲ့သူတို့ကလေးလေးအကြောင်းပြောလိုက်တော့ ယုံးဘို့မှာအိပ်ေတာင်မအိပ်တော့ဘူး ချက်ချင်းကိုထိုင်မရထမရနဲ့တစ်လမ်းလုံးရောက်တော့မှာလားဟွမ်းရေ လို့ပဲပြောနေသည်
တန်ပြန်တိုက်စစ်အထိယူပြီးလာခေါ်
ရတဲ့ဒီဖခင်လောင်းဖြစ်မဲ့သူကြီးကိုရောစိတ်မပူတော့ဘူးလားလီဟွမ်းလဲအတော်မျှော်လင့်နေပေမဲ့ဥကလေးကစိတ်ချရတာမို့လမ်းခုလတ်မှာဂျစ်တိုက်ချင်သည်
"အ့ ယုံးဘို့ရေ နာတယ်"
ဘယ်ဘက်လက်ကိုဖိလိုက်ပြီးအော်ပေမဲ့ ထပ်ပြီးရောက်တော့မှာလားအရှင် ဆိုတဲ့စကားမှာစိတ်ပျက်လက်ပြတ်နဲ့လက်လျော့လိုက်ရပါ၏
