Final

1.1K 78 4
                                    

"ဟာကွာ...ယုံးဘို့ကိုခေါ်လိုက်..ဆက်လျှောက်တင်စမ်း"

ဆယ့်ငါးရက်သာကွာတဲ့မောင်နှမသည် ကိုးလတိတိကြာသောအခါဥအသီးသီးမှကွဲထွက်ပြီးအခုဆိုနှစ်နှစ်အရွယ်ရောက်ပြီ

လမ်းစစလျှောက်တက်ကာစကလေးငယ်နှစ်ယောက်သည် သူတို့ခမည်းတော်ကြီးလီဟွမ်းကိုအတော်ချွဲသည် ညီလာခံတက်လို့မလိုက်ရရင်လဲငိုသည်

သူတို့ခမည်းတော်ယုံးဘို့နားတော့သိပ်မကပ်ဘူး အမှားရှိရင်နှစ်ယောက်သားတန်းစီနေရာယူခိုင်းပြီးဆူလို့ အလိုလိုက်တဲ့လီဟွမ်းကိုတော့တတ်နိုင်သလောက်ကပ်ကျသည်

အခုလဲညီလာခံမှာအနက်ကိုမှရွှေရောင်ဇာဖြင့်နဂါးပုံထိုးထားသည့်ဝတ်ရုံကြီးဟာ
လီဟွမ်းပေါင်ပေါ်တက်ထိုင်နေရာကနေတဲ့နှစ်ယောက်ကြောင့်နဂါးဝတ်ရုံကလဲကြွက်စုတ်သာသာ
အခုလည်းပေါက်ကာစဆံပင်ငုတ်စိတွေကိုတစ်ယောက်နဲ့တစ်ယောက်ဆွဲကျတာ

အကြီးဖြစ်တဲ့မင်းသား‌လေးလီယန်းကတော့လုံးလုံးတုတ်တတ်ပါးဖောင်းဖောင်းနဲ့ဖြစ်ပြီးလီဟွမ်းနဲ့တူတဲ့မျက်လုံးမှေးမှေးလေးတွေရှိသည်

အငယ်ဖြစ်တဲ့မင်းသမီးလီမေကတော့သူ့ခမည်း‌‌ေတာ်ယုံးဘို့လိုဆံပင်ဝါဝါလေးတွေရှိသူဖြစ်ပြီးမျက်တောင်လေးတွေကဝါနေသည်  မဲနက်နက်မျက်လုံးဝိုင်းဝိုင်းလေးတွေသည် လီဟွမ်းကိုတိုက်ခိုက်နိုင်တဲ့တစ်ခုတည်းသောလက်နက်ဖြစ်သည် လိုချင်တာရှိပြီဆိုမျက်ရည်ဝဲပြလိုက်သူ့ခမည်းတော်ကြီးခင်ဗျာပြာပြာသလဲ မန်ချူးပြည်ကဘောလုံးဆိုလဲဘောလုံး အနောက်တိုင်းကအချိုမုန့်ဆိုလဲအချိုမုန့် ချက်ချင်းဆိုချက်ချင်း

လီဟွမ်း လီယန်းနဲ့လီမေ ကလေးသုံးယောက်ယုံးဘို့ပိုင်ဆိုင်ထားသည်
အခြားတော့မဟုတ် သူ့ခင်ပွန်းဖြစ်သူလီဟွမ်းသည်ကလေးတွေနဲ့အပြိုင်ပြဿနာလာလာရှာတတ်တဲ့နေရာတစ်နေရာရှိသည် အခုတော့က‌လေး‌ငယ်တွေအရွယ်ရောက်သွားလို့အခွင့်မရတဲ့နဂါးကြီးလီဟွမ်းဖြစ်သည်

မှူးမတ်တွေသည်တော်ဝင်မောင်နှမကြောင့်
ထိတ်တတလန့်လန့်ဖြစ်နေပြီ ပလ္လင်ရှေ့ကတင်ထားတဲ့စာလွှာကို မင်းသမီးငယ်ကကိုင်နေပြီ ထုတော့မယ် ထုတော့မယ်

The King (Season 1/Completed)Where stories live. Discover now