4

1K 105 0
                                    

New Holland ပြည်ရဲ့ဘုရင်ဖြစ်သူသည်
အလှမွေးငါးတွေ အသားစားငါးတွေ စသည့်ပင်လယ်ရေအောက်မှအထူးအဆန်းသတ္တဝါအားလုံးကိုသဘောကျသော အနောက်ဘက်ပင်လယ်ကိုပိုင်ဆိုးသည့်ဘုရင်ဖြစ်သည်

ပင်လယ်ဓားပြတွေနဲ့ပင်လယ်သတ္တဝါတွေကိုတရားမဝင်ရောင်းဝယ်ဖောက်ကားသည့်အထဲတွင်ထူးဆန်းစွာလူတစ်ပိုင်းငါးတစ်ပိုင်းရေသတ္တဝါလေးပါနေခဲ့၏

သင်္ဘောတစ်ဒါစင်ဖြင့်လဲလှယ်ယူရသည့်ဒီရေသူထီးသတ္တဝါလေးမှာထူးဆန်းသည့်အရာသည်ကြောက်ရွံ့ဝမ်းနည်းလို့ငိုတဲ့အခါတန်ဖိုးကြီးပုလဲတွေဟာမျက်ရည်အဖြစ်ကျတာပဲ

ဒီ့အချက်ကိုသိသွားတဲ့New Holland ဘုရင်က
Felixလို့သူအမည်‌ပေးထားတဲ့
ဒီရေသတ္တဝါလေးကိုနေ့တိုင်းမငိုငိုအောင် ခြောက်လှန့်ပြီးနှိပ်စက်တော့သည်

အစားမကျွေးပဲထားတာ‌တို့မှန်ပုံးအလုံ‌ထဲမှာပိတ်ထားတာတို့ ကြောက်လန့်တတ်တဲ့အဲ့ဒီ့သတ္တဝါလေးကမွန်းကြပ်လွန်းတဲ့အခါမျက်ရည်မိုးတွေရွာရင်ရရှိတဲ့ပုလဲလုံးတွေဟာ သူ့အတွက်တော့ ရေအောက်ပင်လယ်နဂါးတွေအထိဝယ်ယူချင်သည်အထိလောဘမီးကြီးစေသည်

နောက်ဆုံးမှာခံစားရပါများလာတဲ့အခါFelixလို့ခေါ်တဲ့ရေသူထီးလေးကမငိုတော့
အစားမစားပဲနေရတယ် သူမငိုဘူး
မှန်ပုံးထဲအလုံပိတ်ထားတယ် အသက်ရှူကျပ်ပေမဲ့သူမငိုခဲ့

ဒီအခါဘုရင်ဒေါသထွက်လေပြီး ပင်လယ်ဓားပြတွေဆီရောင်းဖို့ပြင်တယ်
ဒါပေမဲ့ကူးပြောင်းဖို့လုပ်နေတဲ့သင်္ဘောနှစ်ဆင်းကြားခုန်ကူးခဲ့သည်
ကမ်းကပ်ဖို့သာအာရုံထားလို့နေ့ညမပြတ်ကူးခတ်ခဲ့၏

အားပြတ်သွားပြီးသေပြီလို့ထင်တဲ့အချိန်မှာလူတစ်ချို့ရဲ့ဆူညံသံကြားထူးခြားတဲ့ဘာသာစကားမတူကိုနားမလည်နိုင်
နောက်ဆုံးမှာတော့အနားတိုးကပ်လာကျတဲ့လူလေးယောက်နဲ့အတူပိုက်ကွန်တစ်ခုထဲအုပ်ဖမ်းခံလိုက်ရတာဖြစ်ပါသည်

..........

"ကြင်ယာဝောာ်..ဘာတွေစဉ်းစားနေတာလဲ"

ပလ္လင်ပေါ်မှာတော်ဝင်ကြင်စဦးသည် နိုင်ငံအရပ်ရပ်မှလာသောရှင်ဘုရင်များကိုဧည့်ခံနေခြင်း ခင်းကျင်းထားသောမုန့်အချိုတွေ သေရေသေရက်တွေအပါအဝင် ဟင်းပွဲတော်တော်များများကသူ‌တို့ရှေ့မှာတင်မက
လျှောက်လမ်းတစ်လျှောက်ရဲ့တစ်ဖက်တစ်ချက်ဆီကထိုင်နေကျတယ်မူးကြီးမတ်ရာ ဘုရင်တချို့အရှေ့မှာပါရှိ၏

The King (Season 1/Completed)Where stories live. Discover now