Episode - 3 (Heather)
သောကြာနေ့ညနေသည် Shine Groupမှ CEO ဦးမြတ်ရှိုင်း၏ တစ်ဦးတည်းသောသား ရှိုင်းနေ၏ Wedding Partyရှိသောကြောင့် Shineအိမ်တော်ခြံ၀န်းထဲတွင် Partyအပြင်အဆင်များနှင့်အတူ ၀န်းထမ်းများ အလုပ်ရှုပ်နေကြသည်။ မကြာခင်ပွဲစတော့မှာဖြစ်၍ အားလုံးဂရုတစိုက် လုပ်ဆောင်နေကြသည်။
Shineအိမ်တော်၏ သတို့သမီးလောင်းလေးသည် မှန်ထဲမှ ပုံရိပ်ကိုကြည့်ကာ သဘောတကျဖြစ်နေကြောင်း မျက်၀န်းတွေက ၀င်းလက်ကာ ပြောပြနေသည်။
"ချုန်းရယ် နင်ကတော့ တကယ့်ချုန်းပါပဲ နင်သာမဟုတ်ရင် ငါဒီလောက်ကိုယ့်ကိုယ်ကိုယ် ကျေနပ်သဘောကျမှာ မဟုတ်ဘူး"
"မဒီရယ် နင်ကလဲ လှပြီးသားပါ ငါကနင့်အလှကို ပိုဖော်ပေးရုံပါပဲ သဘောကျရင်ပဲ ငါကျေနပ်ပါတယ်"
"မမလေး အကိုလေးက ပွဲစတော့မှာမလို့ ခေါ်ခိုင်းလိုက်လို့ပါ"
အိမ်အကူလေးလာအပြောကြောင့် အောက်ဆင်းကြရင် ပြင်လိုက်သည်။
"ချုန်း မပြန်နဲ့ဦးနော် ပွဲမှာနေပေးဦး"
"မဒီရာ ငါပွဲတော့မတက်ချင်ဘူး လူရှုပ်တာမကြိုက်ဘူး"
"နင်ကလဲ ရောက်လက်စနဲ့ကို ခဏလောက်နေပေးပါဦး"
နာရီကြည့်တော့7နာရီကျော်ပဲရှိသေးသည်။ မထူးတော့ပြီ။ Clubလဲမသွားရတော့စောနေသေး၍ ခဏနေရန်လက်ခံလိုက်သည်။
"ဂုဏ်ပြုပေးပါ့မယ်"
"အင်း uniတုန်းက ငါ့သူငယ်ချင်းတွေလဲ လာမှာဆိုတော့ နင်အရမ်းမစိမ်းပါဘူး"
"အင်းပါ ရပါတယ် သွားလိုက်ဦး စောင့်နေဦးမယ်"
မဒီထွက်သွားတော့ ပစ္စည်းတွေသေချာ သိမ်းကာ အကူကောင်မလေးကို ကားယူသွားခိုင်းကာ Studioအရင်ပြန်ခိုင်းလိုက်သည်။ ညလဲ မှောင်ရိပ်ကျနေပြီဖြစ်ကာ Taxiငှားဖို့ဆို အိမ်ယာ၀င်းအပြင်ထိ ထွက်ရမည်ဖြစ်သည်။ မိန်းကလေးတစ်ယောက်ထဲလဲဖြစ်ကာ ပစ္စည်းတွေလဲပါနေ၍ ကားယူသွားခိုင်းလိုက်ခြင်းဖြစ်သည်။ ကိုယ်ကတော့ အဆင်ပြေသလိုပြန်လို့ရသည်။
🎶
Weddingသည် Partyသဘောမျိုးသာဖြစ်သော်လည်း စီးပွားလုပ်ငန်းရှင်များပါတက်ရောက်ကြ၍ စည်ကားလှသည်။ မကြာမီ Galax CEO ဦးလင်းရောင်ရှိန်တို့ရောက်လာကြ၍ အားလုံးက ဝိုင်းနှုတ်ဆက်ကြသည်။
YOU ARE READING
CHONE : My Heather
RomanceMakeup Artist or Cross Dresserကောင်လေး တစ်ယောက်နဲ့ သူ့ကိုလိုက်ပိုးမဲ့ နံနံခြားပြန် လူပျိုလေးအကြောင်း Not!! လူပျိုကြီးးးး Just! လူပျိုလေး🤭