Episode 8

24 1 0
                                    

Episode - 8

ဂုဏ်ရှိန် နှင့် ရှိုင်းနေတို့ Chone's Makeup Studioရှေ့ ကားရပ်ကာ ၀င်လာလိုက်ကြသည်။

ဂုဏ်ရှိန်က Galax companyတွင် Daddy လက်အောက်ကနေ ၀င်လေ့လာနေပြီး Daddyက Meeting တွေလဲ ခေါ်သွားကာ လုပ်ငန်းရှင်တွေနှင့် တွေ့ရတဲ့အခါလဲ ခေါ်သွားတတ်သည်။

အခုလဲ Shine Company နဲ့ ဖက်စပ်လုပ်ရမဲ့ Project အတွက် မြေနေရာကြည့်ရန် ထွက်လာခြင်းဖြစ်သည်။ ကိုရှိုင်းနေနဲ့က သိပြီးသားဖြစ်၍ Daddyကလိုက်မလာပဲ ဂုဏ်ရှိန်နဲ့သာ လွှဲလိုက်ကာ ကိုရှိုင်းနေကားနဲ့သာ လိုက်လာလိုက်သည်။ လမ်းကြုံ တစ်နေရာ ၀င်ပါရစေပြော၍ လိုက်လာရင်း Chone's Makeup Studioဆိုသော စာတန်းတွေ့မှ သူ့ဆီလာမှန်းသိရသည်။

ဒါဆို သူက Makeup Artist ပေါ့။ ဟိုကောင်တွေပြောတော့ Cross Dresser ဆိုပြီးတော့ နောက်မှသေချာမေးကြည့်ရမယ်။

အလုပ်ကိုသေချာလေ့လာနေရရ၍ Clubကိုမသွားဖြစ်သောကြောင့် သူနဲ့လဲထပ်မတွေ့ရသေးပေ။

Studioထဲကို ၀င်လိုက်တော့ အထဲတွင် Photo Shooting တစ်ခုရှိနေဟန်တွေ့ရသည်။ ထိုနေရာကိုကြည့်မိတော့ ရွှေအိုရောင် Stepဆံပင်ကို လှိုင်းအတွန့်လေးတွေ ကောက်ထားကာ ကိုယ်တစ်ခြမ်းက ခရမ်းနုရောင်နှင့် လက်ရှည်ကလိမ္မော်ရောင်ဖြစ်ကာ ‌ နောက်တစ်ခြမ်းက ခရမ်းဖျော့ရောင်နှင့် လက်ရှည် နို့စိမ်းရောင် စပ်ထားသော ရှပ်လက်ရှည် ရင်ခွဲကို အလည်မှကြယ်သီးတစ်လုံးသာ တပ်ထားကာ အောက်က Tennis skirtအဖြူရောင်နှင့် sneakerအဖြူရောင်ကို တွဲဖက်၀တ်ဆင်ထားပုံက အမှန်တကယ်ကို မိန်းကလေးတစ်ယောက်ပုံစံနှင့် လိုက်ဖက်ညီလွန်းနေစွာ။

ဂုဏ်ရှိန်တစ်ယောက် ရှိုင်းနေကိုလဲ သတိမရတော့ပဲ ထိုနေရာမှ အရိပ်လေးကိုသာ မှင်သက်စွာကြည့်နေမိကာ ရင်တွင်းမှလဲ တလှပ်လှပ်နှင့် ထိန်းမရအောင် ခုန်ပေါက်လာသည်။ တကယ်ကို တစ်ခါတွေ့ရရင် တစ်ခါ မရိုးနိုင်အောင် ပြုစားလွန်းသည်။

အရိပ်ကလေးက သူ့နားကို တရွေ့ရွေ့ရောက်လာကာ

"မဒီက ဒါလေးတွေ ပေးပေးပါဆိုလို့ လာ‌၀င်ပေးတာပါ"

"ဟုတ်ကဲ့ မလ၀န်း သေချာစစ်ပြီးယူထားပေးပါ"

"အကုန်စုံပါတယ် အကိုချုန်း"

CHONE : My HeatherWhere stories live. Discover now