Episode 10

19 1 0
                                        

Episode 10

လေတဝူးဝူးတိုက်နေသော မြစ်ကမ်းနားဘေးရဲ့ ညခင်းအချိန်အခါသည် လူသူကင်းရှင်းကာ တိတ်ဆိတ် ငြိမ်သက်နေပြီး မီးရောင်မှိန်ပျပျတော့ ရှိနေသည်။

ကားအဖြူလေးရပ်သွားတာနှင့် ဂုဏ်ရှိန် နောက်မှလိုက်ရပ်ကာ ကားထဲမှထွက်သွားပြီး ထွက်ပြေးသူဆီ သွားလိုက်သည်။

"ချုန်း မင်းထွက်ခဲ့"

ပြောတော့ ကားတံခါးကို ဖွင့်ကာ ထွက်လာပြီး ကမ်းနားနှင့် မျက်နှာချင်းဆိုင်ထားသော ကားရှေ့ဘက်သို့ လျှောက်သွားသည်။

"ခင်ဗျား ဘာပြောချင်လဲ ပြောချင်တာ ပြောပြီးရင် ဝေးရာမှာနေလိုက်တော့ လုံး၀ထပ်လာမပတ်သတ်နဲ့တော့"

"နေပါဦး မင်းက ငါ့ကိုဘာလို့ အဲ့လောက်‌တောင်ခါးခါးသီးသီးဖြစ်နေရတာလဲ"

"ထပ်မနာကျင်ချင်တော့လို့..."

"ဟမ်"

"ကျွန်တော် ထပ်မနာကျင်ချင်တော့ဘူး ခင်ဗျားနဲ့လဲ ထပ်မဆုံချင်တော့ဘူး"

"ချုန်း မင်းမူးနေတာထင်တယ် ငါမင်းပြောတာတွေ နားမလည်ဘူး"

"ဘယ်နားလည်မလဲ ခင်ဗျားက နည်းနည်းလေးတောင် စိတ်ထဲမထားခဲ့ပေမဲ့ ကျွန်တော်ကပဲ အရူးလို ဖြစ်ခဲ့ရတာ"

"နေဦး ငါတကယ်နားမလည်တော့ဘူး မင်းဘာကိုပြောချင်နေတာလဲ"

"ထစ်ချုန်းမိုး... ကျွန်တော့နာမည် ထစ်ချုန်းမိုး"

ကြားဖူးနေသည်။ ဒီနာမည်ကို တစ်နေရာမှာ ကြားဖူးပေမဲ့ ဘယ်မှာမှန်းတွေးမရ။

"အဟမ်း နာမည်တောင်မမှတ်မိတာပဲ"

ရုတ်တရက် အတွေးထဲ၀င်လာတဲ့ စကားသံတချို့။ '8တန်း Cအဆောင်က ထစ်ချုန်းမိုး' ဟုတ်တယ် သူပဲဖြစ်ရမယ်။

"မင်း အဲ့တုန်းက ပိစိလား"

"သိပြီပေါ့"

တကယ်ကို အံ့ဩသွားရသည်။ အရင်က မျက်မှန်အညို ဆံပင်အုပ်အုပ်နဲ့ အနိုင်ကျင့်ခံရတဲ့ ဖြူဖြူသေးသေးကောင်လေးက အခုတော့ သူ့ရှေ့က အလှတရားလေး ဖြစ်နေခဲ့သည်လား။ ဒါပေမဲ့လဲ ကိုယ်ကဘာတွေလုပ်ခဲ့ဖူးလို့......

CHONE : My HeatherWhere stories live. Discover now