Episode - 5 (Past 1)
လွန်ခဲ့သော ၅နှစ်
Thoneကိုယ်ပိုင်အထက်တန်းကျောင်းဆောင်းတွင်းသို့ ၀င်ရောက်ပြီဖြစ်သော ဒီဇင်ဘာလ၏ ဆောင်းလေအေးများကြောင့် Thoneမှ ကျောင်းသူကျောင်းသားများသည် ကျောင်းအင်္ကျီအဖြူပေါ်တွင် အနွေးထည်ရောင်စုံများထပ်ကာ ၀တ်ဆင်ထားကြသည်။
ထိုကျောင်း၀န်း၏ လူပြတ်သောသစ်ပင်အောက်တစ်နေရာတွင် ကောင်လေးငါးယောက် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ တစ်ယောက်မှာ ကျောင်းအင်္ကျီအဖြူလေးနှင့်သာ ဖြစ်ကာ ခေါင်းငုံ့ထားသောကြောင့် မျက်မှန်လေးသာ မြင်ရသည်။
ကျန်လေးယောက်တွင် တစ်ယောက်က ထိုကောင်လေး၏ ရင်ဘတ်မှ အင်္ကျီစကို ဆွဲဆုပ်ထားပြီး လက်သီးရွယ်ကာ တစ်ခုခုကို ခြိမ်းခြောက်နေဟန်ရှိသည်။
"ဟေ့ကောင်း မင်းကိုငါတို့ ဒီနေ့ပိုက်ဆံယူခဲ့လို့ပြောလိုက်တယ်လေ ဘယ်မှာလဲ"
"မပါဘူး"
ထိုကောင်လေးက ကြောက်ရွံနေဟန်လဲ မရှိသလို အသံကအေးစက်စက်ပင်။ ခေါင်းငုံ့ကာသာ ပေကပ်ကပ်ရပ်နေသည်။
"ဘာလဲ မင်းလွယ်အိတ်ထဲက မိတ်ကပ်ဘူးတွေ နှုတ်ခမ်းနီဘူးတွေအကြောင်း တစ်ကျောင်းလုံးသိအောင် အဖွခံချင်နေတာလား"
ထိုကောင်လေးက ဘာမှပြန်မပြောပဲ နှုတ်ဆိတ်၍သာ ခေါင်းကို ငုံ့မြဲတိုင်းငုံ့နေသည်။
"ကြည့်ရတာ ဒီအခြောက်လေးက သူခြောက်နေတာကို တစ်ကျောင်းလုံး သိစေချင်နေပုံပဲ"
"ငါအခြောက်မဟုတ်ဘူး"
"အဟမ်း ဘယ်ယောကျာ်းလေးက မိတ်ကပ်တွေ နှုတ်ခမ်းနီတွေကို ကျောင်းကို ယူလာလို့လဲကွာ"
"အဲ့ဒါ ငါ့ကိစ္စ"
"ဟုတ်ပါတယ် မင်းကိစ္စပါ ဒါပေမဲ့ ဒီကအခြောက်လေးက ဒီကကိုကိုတွေပြောတာကို မလိုက်လျောပေးရင် တစ်ကျောင်းလုံး ကိစ္စဖြစ်သွားလိမ့်မယ်နော် အသာတကြည်ထုတ်ပေးလိုက်စမ်းပါ အသားမနာချင်ပါနဲ့"
ဘာမှပြန်မပြောပဲ လက်သီးဆုပ်ကာ ခေါင်းငုံ့ထားပုံက အားမတန်၍ မာန်လျှော့ထားရဟန်။ လူကောင်လေးကလဲ ထိုလေးယောက်ထက်စာရင် သေးညှက်နေသေးသည်။
YOU ARE READING
CHONE : My Heather
RomansMakeup Artist or Cross Dresserကောင်လေး တစ်ယောက်နဲ့ သူ့ကိုလိုက်ပိုးမဲ့ နံနံခြားပြန် လူပျိုလေးအကြောင်း Not!! လူပျိုကြီးးးး Just! လူပျိုလေး🤭