Episode 6

27 3 0
                                        

Episode 6 (Past2)

နားချိန်ရောက်တော့ သူပြောတဲ့ နေရာဆီတော့ ထွက်လာခဲ့သည်။ သစ်ပင်မရောက်ခင် ခပ်လှမ်းလှမ်းက ကြည့်တော့ သူကရောက်နေပြီဖြစ်ကာ သစ်ပင်ဘေးက ခုံတွင်ထိုင်နေသည်။

"ငါရောက်ပြီ"

"အာ ပိစိ,လာ မင်းကိုစောင့်နေတာ"

"အင်း"

ကိုယ်ကတစ်ပတ်လုံး‌ စောင့်နေခဲ့တာကိုတော့ မပြောတော့ပေ။

"ဟိုကောင်တွေ အနိုင်ကျင့်သေးလား"

"ဟင့်အင်း မင်းကြောင့်"

ကိုယ်ပြောလိုက်လို့ အနိုင်မကျင့်တော့ဘူးလို့ ပြောချင်ပုံရသည်။ ပြောနေပုံကိုကြည့်ကာ ဂုဏ်ရှိန် အနည်းငယ် အသည်းယားလာရသည်။ စကားကလဲ နည်းလိုက်တာကွာ...

"ဟုတ်လား ဒါဆို ငါ့ကိုမင်းကျေးဇူးတင်သင့်တာပေါ့"

"ဟိုနေ့က ပြောခဲ့တယ်လေ"

"ဟမ်... ဟာ! မင်းကွာ ကျေးဇူးတင်စကားထပ်ပြောတော့ရော ဘာဖြစ်မှာမလို့လဲ"

"ဟို..."

ပြောရခက်ပြီး ခေါင်းငုံ့သွားကာ ဆံပင်အုပ်အုပ်လေးနဲ့ မျက်မှန်အညိုရောင်လေးသာ မြင်ရတော့သည်။

"ထားပါ ငါကဒီတိုင်းစတာပါ"

"အင်း"

"ငါတစ်ခုလောက်မေးလို့ရလား"

ပုံမှန်ဆို သူများကိစ္စတွေ စိတ်မ၀င်စားပေမဲ့ ဒီကောင်လေးကိုတော့ ထူးထူးဆန်းဆန်း စိတ်၀င်စားမိသည်။ စကားနည်းသူကို စကားတွေအများကြီး ပြောစေချင်သည်။

"ငါအခြောက်မဟုတ်ဘူး"

"အာ.... ငါအဲ့သဘောမျိုး ပြောချင်တာမဟုတ်ပါဘူး ဒါနဲ့ မင်းကငါမေးမှာကို ဘယ်လိုသိနေတာလဲ"

"ဟိုနေ့က မင်းကြားသွားတယ်လေ"

"အင်း ငါကြားတယ် မင်းဘာလို့ အဲ့တာတွေကျောင်းကို ယူလာတာလဲ သိချင်တယ် မင်းကို မယုံတာမဟုတ်ဘူးနော် မင်းမှာအကြောင်းရှိမယ်လို့ ငါထင်တယ် သိခွင့်ရှိမလား"

မေးတော့ မျက်မှန်အောက်က မျက်၀န်းညို ကျဉ်းကျဉ်းများက အနည်းငယ်ဝိုင်းကာကြည့်လာပြီးမှ မျက်နှာ လွှဲသွားသည်။

CHONE : My HeatherWhere stories live. Discover now