Episode 11
အဖြူရောင် လိုက်ကာတွေကာထားသော အခန်းထဲသို့ မနက်ခင်းနေရောင်ခြည်က တစ်စွန်းတစ်စဖြာကျနေပြီး အခန်းမီးမှိန်မှိန်လေးနဲ့ ရောယှက်နေကာ Lofi musicသံလေးက အဖြူရောင်အခန်းတွင်း ပျံ့နှံ့နေသည်။
မကြာမှီတွင် ထိုအဖြူရောင်အခန်းအတွင်းရှိ ကုတင်ပေါ်မှ ရွှေအိုရောင်ဆံပင်လေးတွေ ဖြာကျနေသော အရိပ်ကလေးက နိုးချိန်တန်လို့ နိုးလာသည်ထင်။
Ti Ti Ti
လက်တွေဆန့်တန်းကာ ထထိုင်လာပြီးမကြာပါ ဖုန်းသံမြည်လာသောကြောင့် အိပ်ချင်မူးတူးနဲ့ ကုတင်ဘေးရှိ စားပွဲပေါ်မှ ဖုန်းကို လှမ်းယူလိုက်ရသည်။ ဒီအချိန်တစ်ခါမှ ဖုန်းမလာဖူးပါဘူး။ ဖုန်းကိုကြည့်တော့လဲ ဖုန်းနံပါတ်ကအစိမ်းဖြစ်နေ၍ ကိုင်ရကောင်းနိုး မကိုင်ရကောင်းနိုးဖြစ်နေသည်။
Customerတွေကိုကလဲ Studioက ဖုန်းနံပါတ်သာ ပေးပြီး Personal ဖုန်းနံပါတ်ကိုက ဆက်တဲ့သူလက်ချိုးရေရသည့်အပြင် အခုဟာက ဖုန်းနံပါတ်အစိမ်းပါ ဖြစ်နေလေသည်။ တွေးနေတုန်းပဲ ဖုန်းကကျသွားလေသည်။
ကတောင်
'Heather ကိုယ်ပါ ဖုန်းကိုင်ဦး'
ဖုန်းကျပြီး မကြာ message ၀င်လာ၍ ကြည့်တော့မှ သတိရလိုက်သည်။ ညက ဖုန်းနံပါတ်တောင်းတော့ အနည်းငယ် ထွေနေတာရော ရင်တွေအခုန်လွန်တာရော ပေါင်းကာ ပြီးပြီးရော ပေးခဲ့ကာ ကွန်ဒိုကိုလဲ ဘယ်သို့ဘယ်ပုံပြန်ရောက်ခဲ့မှန်းမသိလိုက်။
ရေချိုးပြီးမှသာ အမူးပြေကာ နှလုံးခုန်သံလဲပုံမှန်ဖြစ်မှ လုပ်စရာရှိတာလုပ်ပြီး အိပ်ယာ၀င်ခဲ့တာဖြစ်သည်။ ဟိုလူလဲ ဘယ်လိုဖြစ်ကျန်ခဲ့လဲ မသိပါ။
Ti Ti Ti
ဖုန်းသံထပ်၀င်လာမှ ဖုန်းကိုင်လိုက်သည်။ ကိုယ်လဲသေချာစဉ်းစားချင်သေးသည်မို့ ယတိပြတ်တော့ ရှောင်မနေချင်တော့ပါ။
"Hello! နိုးပြီလား ချုန်း"
"နိုးလို့ ခုစကားပြောနေတာလေ"
"ကိုယ့်ကြောင့်နိုးသွားတာလား"
"ဟင့်အင်း နိုးပြီးမှ"
YOU ARE READING
CHONE : My Heather
RomansaMakeup Artist or Cross Dresserကောင်လေး တစ်ယောက်နဲ့ သူ့ကိုလိုက်ပိုးမဲ့ နံနံခြားပြန် လူပျိုလေးအကြောင်း Not!! လူပျိုကြီးးးး Just! လူပျိုလေး🤭