Episode-2 (Pieces Of Past)
Chone's Makeup Studioရှေ့တွင် ကားအဖြူလေးတစ်စီး ရပ်ကာ ကားပေါ်မှ ရှပ်အဖြူလက်တိုလေးကို ခါးမှ ဂျင်းဘောင်းဘီအရှည်ထဲသို့ ထည့်ဝတ်ထားကာ ရိုးရှင်းသော သေးသေးသွယ်သွယ် အရိပ်ကလေးဆင်းလာသည်။
ထိုအရိပ်ကလေး Studioအဆောက်အဦးထဲ ၀င်သွားသောအခါ ထိုအထဲမှ အသက်အစိတ်လောက်ရှိသော အမျိုးသမီးသည် ကူကယ်ရာတွေ့ဟန် ပြေးလာသည်။
"ချုန်းရောက်လာတာ အတော်ပဲ ငါ့ရဲ့ Wedding Dinner Partyကို နင်နဲ့ပြင်ချင်လို့ လာအပ်တာ"
"ဘာအဆင်မပြေတာရှိလို့လဲ
လ၀န်း Schedule ထည့်ပေးလိုက်ပါ""အဲ့နေ့က သောကြာနေ့မလို့ပါ အကိုချုန်း"
လ၀န်းဆိုသော ကောင်မလေးကပြန်ဖြေသည်။
"မဒီရာ နင်ကလဲ သောကြာနေ့က ငါမနက်ပိုင်းပဲ Scheduleလက်ခံတာ နင်လဲ သိတာကို"
"ချုန်းကလဲ ငါက ငါ့ရဲ့Wedding Partyမှာ အလှဆုံးဖြစ်ချင်တာပေါ့ သောကြာနေ့ဆိုတာ သိပေမဲ့လဲ မဒီက ချုန်းနဲ့မှ ဖြစ်မှာ တစ်ခါလောက်ပဲ ကူညီပေးပါ ချုန်းရယ်"
မဒီဆိုတာ ချုန်းရဲ့uniတက်တုန်းက မေဂျာတူ ဖြစ်သလို Studioဖွင့်စတည်းက ပွဲတော်တော်များများကိုလဲ ချုန်းဆီသာလာအပ်ကာ မဒီကြောင့် ရောက်လာတဲ့ Customer များလဲ မနည်းပေ။ ကျောင်းတုန်းကအရမ်းရင်းနှီးခဲ့တာ မဟုတ်ပေမဲ့လည်း ပင်တိုင်Customerလိုဖြစ်နေတာကြောင့် အားနာစွာလက်ခံရန် ပြောလိုက်သည်။
"ဟုတ်ပြီ ငါလက်ခံပေးပါ့မယ် လူရင်းမလို့နော် ပုံမှန်ဆို အဲ့ရက်က ငါ့Holidayဆိုတာ နင်လဲသိ"
"ကျေးဇူးတင်ပါတယ် ချုန်းရယ် မဒီရှယ်Treatပါ့မယ်နော်"
"OKပါ Dateနဲ့Timeလေး သေချာပြောပြီး Schedule ယူသွားလိုက်ပါ လ၀န်း အဆင်ပြေအောင်လုပ်ပေးလိုက်ပါ ပြီးရင် အကို့ကို ပြန်ပို့ပေးထားနော်"
"ဟုတ်ကဲ့အကိုချုန်း ပွဲက လာမယ့်သောကြာနေ့ပါ"
"ဟုတ်ပြီ လုပ်စရာရှိတာဆက်လုပ်ပါ"
Makeup Studioက ပွဲတွေလာအပ်မှသာ အရေအတွက် Limitနဲ့ လက်ခံတာဖြစ်ပြီး တချို့Schduleမရှိတဲ့ရက်တွေဆို သိပ်မလာဖြစ်ပေ။ ၀န်ထမ်းလဲ မလ၀န်းနှင့် Makeup Artist က ၄ယောက်လောက်သာရှိပြီး Schedule နဲ့ ညှိပြီး အဆင်ပြေသလို သွားကြတာဖြစ်သည်။Studioမှာတော့ လ၀န်းနှင့် သန့်ရှင်းရေး အဒေါ်ကြီးသာ အနေများသည်။
![](https://img.wattpad.com/cover/319886659-288-k58765.jpg)
YOU ARE READING
CHONE : My Heather
RomanceMakeup Artist or Cross Dresserကောင်လေး တစ်ယောက်နဲ့ သူ့ကိုလိုက်ပိုးမဲ့ နံနံခြားပြန် လူပျိုလေးအကြောင်း Not!! လူပျိုကြီးးးး Just! လူပျိုလေး🤭