Episode 4(Zawgyi)

10 0 0
                                    

Episode - 4

ဂုဏ်ရှိန် မေလင်းဆွဲခေါ်လို့သာ လိုက်ခဲ့ရပေမဲ့ စိတ်က အဖြူရောင်အရိပ်လေးဆီမှာပင် ကျန်ခဲ့သည်။ သူလှမ်းပြောတော့ သူ့ကိုကြည့်နေသည့် မျက်ဝန်းတွေက နဂိုထက် အရည်လဲ့နေတာက မီးရောင်ကြောင့်ပဲ ကိုယ်အမြင်မှားလားမသိပေ။

မေလင်းနွယ်က ကျောင်းတုန်းကတွဲဖူးသည့်သူ ဖြစ်ကာ စိတ်ချင်းသိပ်မတူ၍ တစ်ပတ်လောက်နဲ့လမ်းခွဲခဲ့သော်လည်း သူငယ်ချင်းအဖြစ်တော့ ဆက်ခင်မင်မပျက်ရှိခဲ့ကြသည်။

ထို့ကြောင့်လဲ ငြင်းလို့မကောင်း၍ လိုက်ပါလာခဲ့ခြင်းဖြစ်ကာ ပါတီရောက်တော့ ပြောသလိုမဟုတ်ပဲ သူ့သူငယ်ချင်းတွေရှိနေ၍ စိတ်တော့အနည်းငယ်ခုချင်သွားသည်။ သတို့သမီးကလဲ သူတို့uniတုန်းကဂျူနီယာမှန်း ပြောနေကြ၍ သိရသည်။

မေလင်း မိတ်ဆက်ပေး၍ နှုတ်ဆက်လာသူများကိုလဲ နှုတ်ခမ်းတွန့်ရုံသာပြုံးပြပြီး ဝိုင်ကိုသာသောက်နေလိုက်သည်။

ခဏကြာတော့ Daddyက သူ့မိတ်ဆွေတွေနဲ့ တစ်နေရာဆက်သွားမည်ဖြစ်ကြောင်းနှင့် တစ်ယောက်တည်းအရင် ပြန်လိုက်ရန် လာပြောသည်။ သူလဲမေလင်းကိုပြန်တော့မည်သာပြော၍ ထထွက်လာလိုက်သည်။ လှမ်းခေါ်ပေမဲ့ လှည့်ကြည့်ချင်စိတ် မရှိတော့ပေ။

လာတုန်းက ကားတစ်စီးထဲဖြစ်၍ Daddyက သူ့မိတ်ဆွေကားနဲ့ပဲသွားကာ ကားကိုထားခဲ့သည်။ သူလဲကားရှိရာသို့လာရင်း အဖြူရောင်လေးကို တွေ့လို့တွေ့ငြား ဝေ့ဝဲကြည့်လိုက်သော်လည်း မတွေ့ပေ။ နောက်လဲဆုံရမှာပဲလေ ဒီနေရာမှာမနေချင်တော့ ပြန်ဖို့သာဆုံးဖြတ်၍ ကားကိုမောင်းထွက်လာလိုက်သည်။

ခြံထဲမှကားမောင်ထွက်လာပြီး အိမ်ယာဝင်ကနေထွက်မဲ့ လမ်းပေါ်တွေ အဖြူရောင်အရိပ်ကလေး တစ်ယောက်ထဲ လမ်းလျှောက်နေတာကို တွေ့လိုက်ရ၍ ဘေးကနေကပ်ရပ်ကာ ကားပေါ်ကပဲ လှမ်းခေါ်လိုက်သည်။

"ချုန်း တစ်ယောက်ထဲလား"

သူနဲ့ထပ်တွေရမည်ဆိုး၍ မဒီ့ကိုမြန်မြန်နှုတ်ဆက်ကာ ခေါ်ထားတဲ့ Grabလာသည်အထိမ စောင့်‌တော့ဘဲ ထွက်လာခါမှ တွေ့ရပြန်ပြီ။

"ဘယ်နှစ်ယောက်တွေ့လဲ"

"ဒီလမ်းကလူပြတ်တယ် လာ ကျွန်တော်နဲ့လိုက်ခဲ့"

CHONE : My HeatherWhere stories live. Discover now