Episode 12
"ဂုဏ်ရှိန်"
Companyရောက်လာချင်း ကြားလိုက်ရသော ခေါ်သံကြောင့် အသံလာရာဆီသို့ အကြည့်ပို့မိတော့ မေလင်းနွယ်။ Daddyလက်ခံလိုက်တာဖြစ်မည်။
"အင်း မေလင်း အဆင်ပြေလား"
"ပြေတယ် Uncleက မသိတာရှိရင် နင့်ကိုမေးဖို့ပြောထားတယ်"
"ရပါတယ် အခု အလုပ်ရှိလို့ သွားဦးမယ်"
"နေပါဦး"
ပြောကာ လက်မောင်းကိုလှမ်းဆွဲသော မေလင်းကြောင့် မျက်ခုံးပင့်ပြလိုက်မိသည်။
"နင်ဒီနေ့ Galax Centerကို စာရင်းသွားစစ်ဖို့ရှိတယ်ဆို အဲ့တာ ငါနင်နဲ့လိုက်ခဲ့လို့ရမလား"
ဒီနေ့နေ့လည်ဘက်ကို Centerဘက်ကို Daddyလွှတ်ထားခြင်းဖြစ်သည်။ သွားရမှာလဲ တစ်ယောက်ထဲမို့ အဆင်မပြေစရာတော့မရှိပါ။
"အင်း ၁၁နာရီလောက်သွားမှာ နင်ထွက်လာခဲ့လိုက်လေ"
"အင်းအင်း ငါလာခဲ့မယ်"
"ပြောစရာမရှိရင် သွားတော့မယ် လက်ကိုလွှတ်"
Company အ၀င်၀တွင် စကားရပ်ပြောနေကြခြင်းဖြစ်ကာ လက်ကိုလဲလွှတ်မထားသောကြောင့် တချို့က ကွက်ကြည့်ကွက်ကြည့်ပင်။ တစ်ချိန်ကိုယ်ကဦးဆောင်သူ ဖြစ်လာမှာမို့ အထင်လွဲစရာမဖြစ်စေချင်သလို တစ်ဖက်မိန်းကလေးအတွက်လဲမကောင်း၍ သတိထားရမည်။ ပြီးတော့ ကိုယ့်နှလုံးသားကလဲ ပိုင်ရှင်နဲ့မလား.......။
🎶
နေ့လည်ကျတော့ နှစ်ယောက်အတူထွက်လာလိုက်သည်။ ဂုဏ်ရှိန့်ကားနဲ့သာ လိုက်မည်ဆို၍ တင်ခေါ်လာခဲ့လိုက်သည်။
Center ရောက်တော့ စစ်စရာရှိတာ ကြည့်စရာရှိတာတွေ ပြီးစီးတော့ 2နာရီပင်ထိုးတော့မည်။ Lunch လဲမစားရသေး၍ ဗိုက်ကအချက်ပြနေပေပြီ။
"မေလင်း Lunch စားလာပြီလား"
"စားလာပေမဲ့ ဂုဏ်ရှိန်ဆာရင် စားပါ မေလင်းလဲ Juice တစ်ခုခုသောက်ချင်နေတာ"
"Ok"
တစ်ဖက်သူလဲ လိုလားသည်မို့ အဆင်ပြေမဲ့ဆိုင်သို့သာ၀င်လာလိုက်သည်။ မှာပြီး စောင့်နေစဉ် မေလင်းနွယ်က စကားစလာသည်။

YOU ARE READING
CHONE : My Heather
RomanceMakeup Artist or Cross Dresserကောင်လေး တစ်ယောက်နဲ့ သူ့ကိုလိုက်ပိုးမဲ့ နံနံခြားပြန် လူပျိုလေးအကြောင်း Not!! လူပျိုကြီးးးး Just! လူပျိုလေး🤭