uni
"ဒါ့ အစ်ကို့ရဲ့ ကောင်လေး လင်းခတ်ငယ်တဲ့ ညီလေး"
"ချစ်စရာလေးပဲ ခတ်ငယ်က"
"ခတ်ငယ်လို့ မခေါ်ပါနဲ့ လေးစားသမှုနဲ့လင်းခတ်ငယ်လို့ခေါ်ပေးပါ ညီလေး "
"စွာလိုက်တာ"
"ဗွေမယူပါနဲ့ညီလေးရယ် အစ်ကို့ကောင်လေးက နာမည်ကို အပြည့်အစုံခေါ်တာကြိုက်လို့ပါ"
"ကျုပ်က ခတ်ငယ်လို့ခေါ်ရတာကြိုက်တယ်"
ထို့နောက် သစ်စေ့ပုံစံမျက်၀န်းလေးနဲ့ ကျားတစ်ကောင်လိုစူးရှတဲ့မျက်၀န်းဟာ အကြည့်ချင်းစစ်ထိုးနေကြသည်
အလင်းဒီကောင်လေးပုံစံကိုသဘောမကျ ခေါ်တာကိုပိုင်စိုးပိုက်နက်နဲ့ တစ်ဖက်လူခွင့်ပြုမှန်းမသိဘာမှန်းမသိနဲ့ စတွေ့ထဲက မျက်လုံးထဲကန့်လန့်ရယ် သူ့ကိုစာမတတ်ဝါးမတတ်စိုက်ကြည့်နေတတ်တာကြောင့် စိတ်ထဲ အလိုမကျ ဖြစ်နေသည်
"ဒါနဲ့ ကိုမင်းညီက ကိုမင်းနဲ့ရုပ်တော်တော်ဆင်တယ်နော် "
တိတ်ဆိတ်နေတာမို့ ကိုယ့်ဘက်ကဘဲ
အဆင်ပြေလိုပြေငြားစကားစလိုက်သည်"ကိုယ်တို့ကအမွှာတွေလေ 1 မိနစ်ပဲခြားတာ"
"အော် ကိုမင်းကအကြီးပေါ့ "
"ဟုတ်တယ် အလင်း ထမင်းစားပြီးမှ ပြန်နော် ကိုယ်တို့သုံးယောက်ထမင်းလက်ဆုံစားမယ်လေ နော်ညီလေး"
"ဟက် ကောင်းပြီလေ"
မကြာပါ ကိုမင်းညီက ဖုန်းကောက်ဆက်တယ်
"နေ့လယ်စာချိန်းထားတာဖျက်ပေး ပြီးတော့မကျေနပ်ရင် လျော်ပေးလိုက်"
ဖုန်းချကာ သူ့ကိုကြည့်ပြီး နှုတ်ခမ်းတွန့်ရုံလေးသာပြုံးပြီးထမင်းစားခန်းထဲ၀င်သွားတဲ့ သူရဲ့နောက်ကျောဟာသိပ်ထုရိုက်ချင်စရာကောင်းသည် ဧည့်သည်ဖြစ်တဲ့ကိုယ့်ကိုမလေးမစားနိုင်သည်လို့တွေးမိသည်
"ထည့်စားနော် အလင်းအားမနာနဲ့ ကြီးမေက ဟင်းချက်တော်တယ်"
"ဟုတ်တယ်ကိုမင်း နောက်ဆို အိမ်ကို
ခနခနရောက်နေတော့မှာပါ ကြီးမေလက်ရာကောင်းလွန်းလို့"
YOU ARE READING
သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်
Romance မောင့် အချစ်ဟာစာရွက်တစ်ရွက်ဆိုပါဆို့ ခတ်ငယ်က အမုန်းတရားမှင်ချောင်းကို လက်သွယ်သွယ်ဖြင့်ကိုင်ကာ လက်ရေးခတ်သော့သော့ကလေးနဲ့ မောင့် ကိုမုန်းကြောင်းရေးပါဦး Start date 25- 8- 2022 End date 28-3-2023