Part-17

2.6K 70 1
                                    

uni

တီ တီ တီ တီ

"ဘေးဖယ်ကြစမ်းပါ "

ကားတစ်စီးဟာ လမ်းမပေါ်မှာ ဟွန်းအကျယ်ကြီးတီးကာ အသားကုန်မောင်းနေသည်

"မြန်မြန်မောင်းကြ"

"ရောက်ပါတော့မယ် "

အကိုဟာ ထိုကားရဲ့ နောက်ခန်းမှာ မီးတောက်လေးကို ပွေ့ကာထိုင်နေသည်

"အလျှံညီး မသေပါနဲ့နော် တောင်းပန်ပါတယ်
မသေပါနဲ့"

ပါးစပ်က တဖွဖွရွတ်ကာ အေးစက်စက်ကိုယ်လုံးအား ပွေ့ထားသည်

"အရေးပေါ် အရေးပေါ်လူနာ"

ဆေးရုံရှေ့ရောက်တာနဲ့ အကိုဟာ မီးတောက်လေးကို ပွေ့ချီပြီး တဟုန်ထိုး ဆေးရုံထဲ ပြေးဝင်သွားသည်

"ကယ်ပေးပါ ကယ်ပေးကြပါ"

"လူနာကို ဒီမှာတင် "

nurses တွေတွန်းလာတဲ့ ကုတင်ပေါ်တင်ပေးလိုက်သည်

"သွေးတွေ အလွန် ဆုံးရှုံးထားတယ် လူနာနဲ့ ကိုက်ညီမယ့် သွေးပုလင်းတွေ ယူဖိူ့အတွက် သွေးဘဏ်ကို ဆက်သွယ်"

ဆရာဝန်ဟာ ရောက်ရှိလာပြီး nurses တွေကို ညွှန်ကြားကာ မီးတောက်လေးကို အရေးပေါ်ခန်းထဲ ခေါ်သွားသည်

အကိုဟာ ထိုအခန်းဘေးက ခုံမှာ ထိုင်ကာ ခေါင်းမော့ပြီး အသက်ရှူလိုက်သည်

မီးတောက်လေးရဲ့ သွေးတွေဟာ အကိုအကျီပေါ်မှာ ပေကျံနေကာ အကို ဟာ လည်း ဖြူလျော့ကာ မီးတောက်လေးထက်တောင် စိုးရိမ်ရပုံပေါ်သည်

"ဟင် ကိုမင်း"

"အလင်း"

"ကိုမင်းကဘယ်လို အကျီမှာလည်းသွေးတွေနဲ့"

"အလင်းက ဒီမှာတာဝန်ကျတာပဲ ကိုယ်မေ့နေတာ"

"ဟုတ်တယ် ဘယ်သူဆေးရုံတင်ရတာလဲ "

"အလျှံညီးလေ "

"ဟင် ကိုမင်းကောင်လေးမလား"

"အင်းးး"

အကိုဟာ ခေါင်းငုံ့ကာ အသံရှည်ဆွဲ ဖြေပြီးသက်ပြင်းချလိုက်သည်

အလင်းလည်း ကိုမင်းဘေးနားဝင်ထိုင်ကာ နှစ်သိမ့်တဲ့ သဘောနဲ့ ကျောပြင်ကို ပွတ်ပေးလိုက်သည်

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Donde viven las historias. Descúbrelo ahora