Part 10

2.5K 91 2
                                    

uni

2 နှစ်ခွဲ ကြာခဲ့သည် ဒီလေ ဒီရေ ဒီမြေ ကို သစ်လွင်မင်း ခြေချခွင့်ရရှိခဲ့သည်

အလွမ်းတွေက စိမ့်ကနဲ့ ငိုခဲ့ရသည့် လတွေရက်တွေ ဒေါသတွေ ဖြစ် တစ်ယောက်ထဲ
အလူးလူး အလဲလဲ တွေဖြစ်နေခဲ့ရတာ

အလင်းကတော့ တစ်ခြားသူရင်ခွင်မှာ ပျော်လို့ပါးလို့

"အကို အထုပ် ကူသယ်ဦးလေဗျာ"

"မင်းဘာသာမင်း အတင်းလိုက်ချင်တာပဲ
ကိုယ့်ဟာကိုသယ်"

ဟင်းးး ဒီလိုပါပဲ ဆက်ဆံရေးတွေ တစိမ်းဆန်လာခဲ့သည် စတွေ့တုန်းကလို ညီလို့ ခေါ်သံလေးတွေပျောက်ဆုံးခဲ့တာဘယ်တုန်းကလဲ 3 လအကြာလား 2လ အကြာလား
မမှတ်မိတော့ဘူး

ထုံပေနေခဲ့သော နှလုံးသားတစ်ခုနဲ့ ကပ်တွယ်နေခဲ့သော အလျှံညီးသည် ဒီလိုအ​သေးအမွှားလေးနဲ့ မခံစားတတ်တော့

ကပ်တွယ်နေခဲ့ရတာ သူ့ဘက်ကပဲ မလွတ်အောင်ဖမ်းဆုပ်ထားခဲ့ရတာ

အကို ရေတွေလိုပဲ အစပိုင်း ဖမ်းဆုပ်တော့ ပါလာတယ် နောက်တော့ လက်ထဲကနေတဖြည်းဖြည်း အောက်ကိုစီးကျကာ ပျောက်ကွယ်သွားတယ်

သစ်လွင်မင်း စိတ်ကုန်ပါရဲ့ အနားမှာ ကပ်တွယ်နေတဲ့သူကို

မချစ်မှန်းသိလျက်နဲ့ ကပ်တွယ် နေလိုက်တာ မချစ်လို့ မချစ်ကြောင်း မကြည်ဖြူကြောင်းတွေနေပြခဲ့လဲ စိတ်မကုန် ခပ်ခပ်ပြုံးပြုံးပဲ တစ်ပတ်လောက် စိတ်ဆိုးပြီးရင် အနားပြန်ရောက်လာသည် ဂရုစိုက်သည် ဘယ်လိုမှ ခွာချမရခဲ့

အလင်းနဲ့ အကြိုက်တူတတ်လွန်းသော သူ့ကို အလင်းနေရာမှာ အစားထိုးကြည့်မိခဲ့တယ်

ဒါပေမယ့် ဘယ်လိုမှမရခဲ့ အလင်းက အလင်း အလျှံညီးက အလျှံညီး တစ်ကန့်စီ ရောမရခဲ့

အလျှံညီးဆိုတဲ့ မီးတောက်ငယ်လေးဟာ အကို့ ကို သိပ်သဘောကျခဲ့ပါသည်

မဟုတ်ဘူး ချစ်ခဲ့တာ မီးတောက်ငယ်လေးရဲ့ ချစ်ခြင်းတွေ နယ်ကျွံသွားတဲ့အခါ အကို အား ဦးခိုက်ခစားသည်

ကြီးကျယ်ပါတယ် တစ်ချို့သော ချစ်ခြင်းတရားတွေက

မောင်နဲ့ မီးတောက်ငယ်လေးတို့ရဲ့ ချစ်ခြင်းတွေဟာ နယ်ကျွံကုန်တော့ အကိုနဲ့ ဆရာဝန်လေးမှာ အလူးလူးအလဲလဲ မျက်ရည်တွေနဲ့
နင့်နေအောင် ခံစားရပါပြန်သည်

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Where stories live. Discover now