Part 9

2.4K 87 0
                                    

uni

"အကို မတွေ့ရတာ တစ်ပတ်တောင်ရှိပြီ ကျွန်တော်ကို လူရာရောသွင်းထားသေးလား"

"ရစ်ပြီကွာ ကိုယ်မအားလို့ပါ "

"ဘယ်မှာလဲ အခု"

"စာကြည့်တိုက်ပါမှာ"

"လိမ်ပြောနဲ့ အကို့ ကိုဘားကောင်တာမှာ ကျွန်တော်မြင်နေရတယ်"

ကျွန်တော်ပြောတာကြားသွားတော့ ကျွန်တော့်ချစ်သူအကိုက ပြူးပြဲကာ လိုက်ရှာသည်

ကျွန်တော်က တည့်တည့် သူ့ရှေ့လျှောက်သွားလိုက်သည်

"အကို ပြောင်းလဲသွားတယ် ဘာတွေဖြစ်နေတာလဲ"

"ဘာဖြစ်လို့လဲ ကိုယ် ပုံမှန်ပဲ"

ပုံမှန်ပဲတဲ့ လား အရင်က ပုဆိုးနဲ့ စတစ်ကော်လံလက်ရှည်နေရာမှာ လည်သာ ဂျာကင်နဲ့ စတိုင်ပင်က နေရာယူခဲ့တယ်

အမြဲတမ်း ဆံပင်ကို ဆီနဲ့ အနောက်လှန်ဖြီးတတ်ထားတတ်သူက အခု ဆံပင် အလယ်ခွဲ ခပ်အုပ်အုပ်နဲ့

အရင်တုန်းက လူကြီးဆန်ပြီး အေးချမ်းသလောက် အခု ပူလောင်နေသော အကိုရယ်ပါ

ဘာတွေက ပြောင်းလဲစေပြန်တာလဲ

တွဲလာတဲ့ ငါးလ တစ်ခါမှ ချစ်တယ်မပြောသလို တစ်ခါမှ လည်းဂရုမစိုက် တွဲမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ သစ်လွင်မင်းဆိုသူ နား တောက်တဲ့ လို့ ကပ်နေရတာ သူ

အကိုက လိုရင်ခေါ်သုံးမယ် မလိုရင် ဂျောင်းထိုးထားမယ် ခုထိ ချစ်သူရည်းစား နဲ့ တူတာဘာမှမရှိ

ယုတ်စွ အဆုံး လမ်းတွဲ လျှောက်ရင်တောင် လက်တောင်ကိုင်မရ

ကြာလာတော့ စောက်သဲပေါက်လာပြီ
ဘာတွေဖြစ်နေတာ ဟိုမှာက သာယာနေတဲ့ အိမ်ထောင်ရေးကိုထူထောင်ပြီးသူ့ဘဝနဲ့ သူပျော်ပါးနေပြီ အကိုကသာ

သိပါသည် အကိုက လင်းခတ်ငယ်ဆိူတဲ့ လူကြောင်းအမြဲပြောတာမို့ နားမထောင်ချင်လည်းနားထောင်ခဲ့ရတဲ့နေ့တွေဟာ လက်ချိုးလို့တောင်မကုန်

"ပြန်မယ် စာလေးဘာလေး လေ့လာပါဦး အကိုရည်မှန်းချက်တွေပျောက်နေပြီ"

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Where stories live. Discover now