uni
"ဘာကိစ္စရှိလို့လဲ "
"ဟို ဟို"
"တစ်ဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ"
"Uk ကိုသွားမယ့် ဟာလေ မသွားလို့မရဘူးလားဟင်"
"မရဘူး သွားရမယ် အဲ့မှာပဲ အခြေချရမှာ"
"ဒါပေမယ့်"
"စိတ်ပူပြီးသေစေချင်တာလား ကျုပ်ကို"
"အဲ့လိုမဟုတ်ပါဘူးညီလေးရယ် အစ်ကို အလင်းနဲ့ မခွဲနိုင်ဘူး"
"အဲ့တာကျုပ်စိတ်မဝင်စားဘူး ခဗျား Uk ကို သွားရမယ် အဲ့မှာ အခြေချရမယ် ရိုးရိုးလေ ကျန်တာ ခဗျား အကြောင်း စိတ်မဝင်စားဘူး"
ပြောပြီးတာနဲ့ကားပေါ်တက်သွားသည်
ဟက် ဆောတီးပဲ အစ်ကို ကျုပ်လိုချင်တဲ့အရာမှန်သမျှ ခဗျားအကုန်ရခဲ့ပြီပဲ ဒီတစ်ခုလေးကိုတော့ ကျွန်တော့်ကိုပေးလိုက်စမ်းပါ
မပေးရင် လုမှာ အစ်ကို
တစ်ပတ်ကြာပြီးတဲ့နောက်မှာ သစ်လွင်မင်းဟာ အဆက်အသွယ်တွေ အကုန်ဖြတ်ကာ Uk ကို ပါသွားရသည်
အကောင်းတော့မဟုတ် မေ့မျောလျက်သာ အလင်းနဲ့မဝေးချင်လို့ဆိုကာ အလင်းနဲ့ ခိုးပြေးဖို့လုပ်နေတာမို့ သစ်လွင်ခန့်က မေ့ဆေးထိုးပြီး လေယာဥ်နဲ့ တစ်ခါတည်းတင်ပေးလိုက်သည်
"တံခါးဖွင့်စမ်း သစ်လွင်ခန့် အယုတ်တမာကောင်"
"အော် ခတ်ငယ်က ကိုယ့်ကို လွမ်းလို့လာတာပဲ"
"လီးစကားတွေမပြောနဲ့ ဟျောင့် သစ်လွင်မင်းကို ပြန်ခေါ်ပေး"
"ဆရာဝန်ပေါက်စ ရိုင်းလိုက်တာ"
"ရိုင်းတယ် မင်းအတွက် အဲ့တာပဲ ထိုက်တန်တယ် မင်းလုပ်ရပ်တွေမှားနေတယ် ငါတို့ရဲ့ချစ်ခြင်းကို မခွဲပါနဲ့ သစ်လွင်ခန့်ရယ်"
ပြောရင်း အလင်းငိုချမိသည် သူနဲ့ ကိုမင်းနဲ့က သိပ်ချစ်ကြတဲ့ ချစ်သူတွေ အခုလို့ ဒီကောင်ကြောင့် ရှင်ကွဲကွဲရတာ ရင်ထဲ မခံစားနိုင်ဘူး အောင့်သက်သက်ကြီး စူးနင့်နေအောင် ခံစားရသည်
"ခတ်ငယ် ကိုယ့်လုပ်ရက်တွေကို မှားတယ်မှန်တယ် ဆုံးဖြတ်ခွင့်မရှိဘူးလေကွာ ဆုံးဖြတ်ချက်ရင် ကိုယ့်ယောကျာ်းလုပ်လိုက် ခေတ်ငယ် သဘောအတိုင်းဖြစ်စေရမယ်"

YOU ARE READING
သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်
Romance မောင့် အချစ်ဟာစာရွက်တစ်ရွက်ဆိုပါဆို့ ခတ်ငယ်က အမုန်းတရားမှင်ချောင်းကို လက်သွယ်သွယ်ဖြင့်ကိုင်ကာ လက်ရေးခတ်သော့သော့ကလေးနဲ့ မောင့် ကိုမုန်းကြောင်းရေးပါဦး Start date 25- 8- 2022 End date 28-3-2023