Part-7

3.8K 115 4
                                    

uni


ပြတင်းပေါက်က နေက မျက်နှာပေါ်ရောက်လာတာမို့ အလင်းတစ်ယောက် မျက်လုံးဖွင့်ကြည့်မိသည်

နေရောင်ကိုလက်နဲ့ ကာပြီး ထဖို့လုပ်တော့ သူ့အနောက်ပေါက်ထဲကို တစ်ခုခုဝင်နေသလိုခံစားရသည်

လက်ထောက်ပြီး ထိုင်ဖို့လုပ်တော့ ခေါင်းနည်းနည်းမူးကာ မအီမသာ ခံစားချက်ကြီးက တကယ်ဆိုဝါးသည်

ဘေးကိုကြည့်တော့ သစ်လွင်ခန့် အပေါ်ပိုင်း ဗလာနဲ့ စောင်ကို ရင်ဘက်ထိဖုံးထားသည်

အနီကွက်ပေါင်းသောင်းခြောက်ထောင်နဲ့ သစ်လွင်ခန့်က ညက ခြင်ကိုက်ခံရလို့လား

စောင်ကို လှန်ကြည့်လိုက်တော့

"အားးးးးးးးး"

"အမလေး ဘာဖြစ်တာလဲ"

"မင်း မင်း ဟာကြီးက ငါထဲမှာ ဘယ်လိုရောက် "

"ဟော ခတ်ငယ် မမှတ်မိဘူးလား ညက မောင်တို့"

သစ်လွင်ခန့်ပြောမှ ညက အဖြစ်အပျက် စဥ်းစားမိတော့ ပါးတွေ နားတွေနီရဲသွားရသည်

"မင်း မင်း ဝိုင်ထဲမှာ ဘာထည့်ထားတာလဲ ဝိုင်တစ်ခွက်လောက်နဲ့မမူးဘူးဟျောင့် "

"မောင်ဘာမှ မသိဘူး ညက ခတ်ငယ်က
မောင့်ကို အတင်းဖတ်ပြီး ဟိုဒင်းဟိုဟာလုပ်ဖို့​ပြောတာ"

"မဖြစ်နိုင်တာ"

"မောင် ငြင်းပါတယ် ဒါပေမယ့် ခတ်ငယ် ဟိုဟာ"

"တော်တော့"

အလင်းအရမ်းရှက်လာတာမို့ သူ့ကို တိတ်ခိုင်းပြီး အိပ်ယာပေါ်က ဆင်းဖို့လုပ်သည်

ဘုတ်

"အာ့ ကျွတ် ကျွတ် သေပါပြီ ငါ့ခါး"

"မောင် ချီရမလား"

"မချီနဲ့ မင်းနေပါဦး မိုးလင်းထဲက တစ်မောင်မောင်နဲ့ ဘာဖြစ်နေတာလဲ"

"ဟောဗျာ ညက ခတ်ငယ်ကိုယ်တိုင် မောင့်ကို မောင်လို့ခေါ်တာလေ အဲ့တော့ မောင်က
ကိုယ့် ကိုကိုယ် မောင်လို့သူံးတာ အဲ့တာကို ခတ်ငယ်က မောင်လို့ သုံးတာ မကြိုက်ဘူးဆိုရင် မောင်က"

"တော်ပါတော့ နားတွေလည်းကန်းတော့မယ် တစ်မောင်မောင်နဲ့ မင်းဘာသာကြိုက်သလိုသုံး စိတ်မဝင်စားဘူး"

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Where stories live. Discover now