uni
"ခဲရောင်လေးကြိုက်လား ခတ်ငယ်"
"မင်းကြိုက်တာရွေး ငါဘာမှမကြိုက်ဘူး"
"ကြိုက်တာရွေးရမယ်ဆို ခတ်ငယ်ကိုပဲရွေးမယ် ခတ်ငယ်က ကိုယ်အကြိုက်ဆုံးမို့လို့"
ပြောရင်းဆိုရင်း အနားရောက်လာကာ ခါးကို အတင်းဖတ်သည်
"လူတွေနဲ့ ဘာဖြစ်နေတာလဲ"
"ဘယ်သူဂရုစိုက်ရမှာမှတ်လို့"
"ဖယ်ကွာ ငါ့အသားမင်းထိတာမကြိုက်ဘူး ရွံ့တယ်"
"လူကြားထဲမှာ အသက်ရူကျပ်တဲ့အထိ အနမ်းခံချင်တာလား"
"ကျစ် အပြာနုလေးကြိုက်တယ် အဲ့ဟာလေးပဲ ဝယ်တော့ ပြန်မယ်"
"suit ဝတ်မလား ပုဆိုးဝတ်မလား ခတ်ငယ်"
"ပုဆိုးဝတ်မယ် suit ဝတ်ရတာ စိတ်ရှုပ်ဖို့ကောင်းတယ်"
"ကောင်းပြီ ခတ်ငယ်သဘော ကိုယ်order တင်ထားလိုက်မယ် ချက်ချင်းမရဘူး"
"အင်း"
သစ်လွင်လည်း ကောင်တာသို့သွားကာ order တင်ပြီး ငွေကြိုရှင်းခဲ့လိုက်သည်
"သွားမယ် အပြန် တစ်ခုခု ဝင်စားရအောင်"
"မစားဘူး အိမ်ပြန်မယ်"
"ဒါပေမယ့် ကိုယ်ဗိုက်ဆာတယ် သွားရအောင်"
"တစ်ယောက်တည်းသွားလေ ငါမင်းနဲ့ နှစ်ယောက်ထဲအတူမရှိချင်ဘူး အခုတောင်
အမေတို့လိုက်ခိုင်းလို့လိုက်လာတာ""ဒီနှုတ်ခမ်း ချိုချိုလေးက ခါးသက်တဲ့ စကားတွေ ထွက်ရင် ဒီကောင် ရင်နာတယ်"
ပြောရင်းနဲ့ နှုတ်ခမ်းကို ပွတ်သတ်လာပြန်သည်
"ဖယ်စမ်းပါ ရင်နာရင်သေလိုက် ငါက မင်းအပေါ်မှာဘယ်တော့မှ စကားအကောင်းပြောမှာမဟုတ်ဘူး မုန်းလွန်းလို့"
"ဒီကောင်ကလည်း ချစ်လွန်းလို့ပါဗျာ
မုန့်မစားရရင် ခတ်ငယ်ကိုစားမယ်""တဏှာပဲ ထချင်နေတယ် သွားစားမယ်"
ခြေဆောင့်ပြီး ထွက်သွားတာလေးက ခုတင်ပေါ်တင်ချင်စရာလေးပါဆိုဗျာ
YOU ARE READING
သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်
Romance မောင့် အချစ်ဟာစာရွက်တစ်ရွက်ဆိုပါဆို့ ခတ်ငယ်က အမုန်းတရားမှင်ချောင်းကို လက်သွယ်သွယ်ဖြင့်ကိုင်ကာ လက်ရေးခတ်သော့သော့ကလေးနဲ့ မောင့် ကိုမုန်းကြောင်းရေးပါဦး Start date 25- 8- 2022 End date 28-3-2023