uni
သုံးရက်လောက်နေတော့ သစ်လွင်ဟာ
သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သည်နာမည်ကြီးနဲ့ သတင်းစားတိုက်တွေနဲ့ မီဒီယာ အများစုကို သာ သတင်းရှင်းလင်းပွဲသို့ဝင်ခွင့်ပေးခဲ့သည်
သတင်းစာထဲ ပါဝင်သော ဆရာဝန်လောင်းလေးပါ ဒီကို ရောက်လာတာမို့ အသည်းအသန် ဓာတ်ပုံများရိုက်ယူကြကာ သတင်းရေးဖို့ လုပ်နေကြသည်
"အားလုံး နေရာယူပေးကြပါ သတင်းစာရှင်းလင်းပွဲ စတော့မှာ ဖြစ်ပါတယ်"
သစ်လွင်အတွင်းရေးမှူးက စင်ပေါ်ကို တက်ကာငြိမ်သက်သွားစေရန် အားလုံးကို ပြောလိုက်သည်
ထို့နောက် နက်ပြာရောင် suit နဲ့ ခန့်ညားနေသော သစ်လွင်ခန့်က စင်ပေါ်တက်လာသည်
"ဟုတ်ကဲ့ အားလုံးပဲ ကျွန်တော် ခဗျားတို့ မေးတာဖြေမှာမဟုတ်ပါဘူး ကျွန်တော် အခုပြောမယ့် အဖြေထဲမှာပဲ ခဗျားတို့ သိချင်တာ အကုန်ပါမယ်ထင်ပါတယ်"
"ပထမဦးဆုံးပြောချင်တာက မိတ်ဆက်ပေးပါမယ် ဟိုမှာ ထိုင်နေတာ ကျွန်တော်နဲ့ သတင်းထဲပါတဲ့ လင်းခတ်ငယ်ပါ ပြီးတော့ ကျွန်တော်ချစ်ရတဲ့ ကောင်လေးပါ"
"တွဲလာ+
"ကျွန်တော်သူ့ကိုချစ်တာ သုံးနှစ်ရှိပါပြီ အဲ့နေ့က ပြသာနာကလည်း ခဗျားတို့ သိတဲ့အတိုင်း ကျွန်တော်တို့သဘာဝတိုင်း အဟမ်းဟမ်း ပေါ့ အဲ့တော့ ကျွန်တော်ပြောချင်တာက"
"လင်းခတ်ငယ် ကျွန်တော့်ကို လက်ထပ်ပါ"
"ဝိုးးး "
"လက်ထပ်ခွင့် တောင်းတာကြီးက မိမ်ိုက်လိုက်တာ"
"ကြိုက်တယ် ငါအဲ့လိုဆို ငိုမိမှာ"
"နင့်လည်း အဲ့လို တောင်းမယ့်သူရှိမှာမဟုတ်ပါဘူးလေ"
"မသာမ အရှက်လာခွဲနေတာ"
ဝန်ထမ်းတွေထဲကကော သတင်းထောက် မီဒီယာတွေပါ အံ့သြကာ ဓာတ်ပုံလှလှလေးရိုက်ယူနေကြသည်
သစ်လွင်လည်း စင်ပေါ်ကနေဆင်းကာ ထိုင်နေတဲ့ ခတ်ငယ်ရှေ့မှာ ဒူးထောက် ပြီး
"ကိုယ့် ကိုလက်ထပ်ပါ ခတ်ငယ် "
အလင်းမျက်နှာဟာ ပြိုတော့မယ် မိုးလို ဖြစ်ကာ ဖြူလျော့နေသည်

YOU ARE READING
သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်
Romance မောင့် အချစ်ဟာစာရွက်တစ်ရွက်ဆိုပါဆို့ ခတ်ငယ်က အမုန်းတရားမှင်ချောင်းကို လက်သွယ်သွယ်ဖြင့်ကိုင်ကာ လက်ရေးခတ်သော့သော့ကလေးနဲ့ မောင့် ကိုမုန်းကြောင်းရေးပါဦး Start date 25- 8- 2022 End date 28-3-2023