Part 13

2.6K 84 1
                                    

uni

ဆေးရုံကုတင်ပေါ်မှာ အိပ်နေတဲ့ မောင့်ဆရာဝန်လေးဟာ သိပ် ဖြူစင်သည် အေးအေးချမ်းချမ်းလေးအိပ်နေတာ

မျက်နှာလေးကတော့ ဒဏ်ရာတွေနှင့် နှုတ်ခမ်းပါးပါးတစ်စုံဟာလည်း ပေါက်ပြဲနေသည်

မောင်ဟာ တိုးတိုးလေး အနားကပ်သွားပြီးတော့ ကုတင်ပေါ်လေးမှာ တိတ်တိတ်လေးထိုင်ငေးနေသည်

"မောင့် အိမ်မက်တွေ မကောင်းဘူး ခတ်ငယ် မောင့်ကို အိမ်မက်ဆိုးတွေ က ကယ်တင်ပေးမယ့် ခတ်ငယ် မရှိတော့တဲ့အခါ ​မောင်တအားကြောက်တာပဲ"

အိပ်ပျော်နေသူရဲ့ လက်ကလေးကို ဖွဖွလေးကိုင်ကာ နှုတ်ခမ်းလေးလှုပ်ရုံမျှသာ မောင်ပြောသည်

မောင်ဟာ အပေါ်ယံမာကျောသလောက် အတွင်းစိတ်ကလေးဟာ နူးညံ့သည်

ဒေါက်တာလေးပေါ်မှာပါ အတွင်းစိတ်နူးညံ့တာ ဟာ မောင့်ဆိုင်သူ ဒေါက်တာလေး ပေါ်မှာပဲ

"မောင်မတောင်းပန်ဘူး ခတ်ငယ် မောင့်လုပ်ရက်တွေ မမှားဘူး ဒီထက်လုပ်သင့်တယ်လို့မောင်ထင်တယ် မောင်ကလေ
လင်းခတ်ငယ်ကို တအားချစ်တာမို့ ခတ်ငယ်နဲ့ ပတ်သတ်လာရင် မောင်ရူးရတော့မှာ ခတ်ငယ်ရယ်"

လက်ခုံလေးကို မောင်ဖွဖွလေးနမ်းသည်

မြတ်နိုးလွန်းလို့ ချစ်လွန်းလို့ ဆရာဝန်လေးကို မောင်ချစ်လွန်းလို့မောင်ဟာ ရူးမတတ်

နေရောင်က ဆေးရုံခန်းရဲ့ ပြတင်းပေါက်ကနေတဆင့် ဝင်ရောက်လာသောအခါမှ မောင်ထွက်သွားခဲ့သည်

တစ်ညလုံး မောင်ကဆရာဝန်လေးကို ငေး
ကြည့်ပြီး ငိုနေခဲ့တယ်လို့တော့ အနားကပန်းအိုးမှာ ထိုးထားတဲ့ ပန်းတစ်ချို့က ပြောခဲ့သည်








3 ရက်ကြာတော့ မောင်ဆေးရုံဆင်းသွားသည် ဆရာဝန်လေးကတော့ 1 ပတ်လောက်အကြာမှသာဆင်းသည်

မိုးပြာရောင် အိမ်ကြီးဟာ အေးစက်သည်ထက် အေးလာသည်

မောင်ဟာ ဒေါက်တာလေးနဲ့ မတွေ့အောင် ရှောင်သလို ဒေါက်တာလေးဟာလည်း မောင်နဲ့ မတွေ့အောင်နေသည်

အရင်လို ထမင်းစားဝိုင်းမှာ နွားနို့ သောက်နေတဲ့ မောင့်ကို စမယ့် ဆရာဝန်လေးမရှိသလို

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Where stories live. Discover now