uni
ဒေါက်ဖိနပ် ချွန်ချွန်ဖြင့် ဟန်ချက်ညီညီ
မိန်းမလှလေးတစ်ယောက် မိုးပြာရောင်
နှစ်ထပ်အိမ်လေးထဲ ဝင်လာသည်"ဟို ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင့်"
အလုပ်သမားမိန်းကလေးတစ်ယောက်ထွက်လာကာ ထိုမိန်းမလှလေးအားပြောသည်
"သစ်လွင်ခန့်ကို ပြောလိုက် ယဥ်ကျေး လာတယ်လို့"
ထိုသိုတစ်ခွန်းသာပြောပြီး နေကာမျက်မှန်ကို ချွတ်ကာ ထိုဒေါက်ဖိနပ်ချွန်ချွန်တွေဖြင့် ဧည့်ခန်းထဲ ကိုဝင်သွားသူကို ထိုအလုပ်သမား မိန်းကလေး ကြောင်ကြည့်နေမိသည်
နွားလိုကောင်က အိမ်တောင် ဆေးတွေဘာတွေပြောင်းသုတ်ထားသေးတယ် ဘာအရောင်ကြီးမှန်းမသိ
ယဥ်ကျေးလည်း ဝတ်ထားတဲ့ ကိုယ်ကျပ်
အကျီ ပေါင်တိုလေးကို အောက်နည်းနည်းဆွဲချကာ ခြေချိတ်ထိုင်လိုက်သည်"တကယ်ကြီး ရောက်ချလာတာပဲ အမိ"
"လက်ဝါးတွေယားနေတာလေ တစ်စုံတစ်ယောက်ကို ရိုက်လိုက်မှ နေသာထိုင်သာရှ်ိမှာမို့"
မောင်ဟာ မျက်နှာ တစ်ချက်မဲ့ပြပြီး ဆိုဖာမှာဝင်ထိုင်သည်
"ဒါနဲ့ နင့်ဟာလေးရော"
"သူ့ရဲ့ဆေးရုံမှာလေ"
"ပြန်ရောအဆင်ပြေကြပြီလား"
"ဒီလိုပါပဲ အရင်ကလို အခြေအနေတော့ ဖြစ်မှာမဟုတ်တော့ဘူး"
"ဟူးးးး ပြီးခဲ့တာတွေလည်း နင် မေ့ပေးလိုက်တော့လေဟယ် သူလည်း ထပ်လုပ်မှာ မဟုတ်လောက်ပါဘူး"
"အဲ့ဟာတွေကမေ့ချင်တိုင်းမေ့လို့ရအောင် ငါက မှတ်ဉာဏ်ချို့တဲ့တောင်ကောင် မဟုတ်ဘူး"
"စကားကို ကပ်မပြောနဲ့ ငါပြောတဲ့ ဆိုလိုရင်းကို နင်နားလည်ရဲ့သားနဲ့"
"ကျစ် လာမပြောနဲ့ ဟာ ငါအဲ့ဟာတွေ မကြားချင်ဘူး"
"ဟဲ့ ပြောမှာပဲ နင့် စောက်ပြသနာတွေကြောင့် ငါ့ဘိန်းခင်းနှစ်ဆယ် မီးရှို့ခံရတာလေ"
"ဘယ်လောက်လဲ လျော်ပေးမယ်"
"စောက်ချိုးကိုက အကြောကြီးနဲ့ အဲ့တာ
ကြောင့် ဟိုက မချစ်တာ"

YOU ARE READING
သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်
Romance မောင့် အချစ်ဟာစာရွက်တစ်ရွက်ဆိုပါဆို့ ခတ်ငယ်က အမုန်းတရားမှင်ချောင်းကို လက်သွယ်သွယ်ဖြင့်ကိုင်ကာ လက်ရေးခတ်သော့သော့ကလေးနဲ့ မောင့် ကိုမုန်းကြောင်းရေးပါဦး Start date 25- 8- 2022 End date 28-3-2023