Part 18 (end)

4.9K 82 2
                                    

uni

"မောင်"

"ဟင်းးး"

မောင်ဟာအိပ်ချင်မူးတူးအသံနဲ့ ဆရာဝန်လေးကို ထူးသည်

"မောင်လို့ခေါ်နေတယ်"

"အလကားရတိုင်းခေါ်နေတော့တာပဲ ဒေါက်တာ"

"ဟော ခေါ်တယ်မကြိုက်ဘူးလား"

"သဘောသဘော အိပ်ဦးမယ် ခေါ်မနေနဲ့"

"ငါတို့ အရင်လို အဆင်ပြေလို့ရလားမောင်"

မောင်ဟာ အိပ်ဖို့ မျက်လုံးမှိတ်ပြီးတော့မှ ချက်ချင်းပြန်ပွင့်လာရသည်

"ဘယ်တုန်းက ကျုပ်တို့အဆင်ပြေခဲ့လို့လဲဗျာ ဟာသတွေမပြောပါနဲ့"

"အရင်တုန်းက ပြေခဲ့တယ်ထင်တယ်မောင်"

"မပြေပါဘူးဗျာ ကျူပ် တစ်ဖတ်သက်
လုပ်ယူထားရတဲ့ အရာတွေပါ"

"အခု တစ်ဖတ်သက် မဖြစ်တော့ဘူးလေ
နှစ်ဦးသဘောတူ အဆင်ပြေမယ်လေနော်"

ဆရာဝန်လေးရဲ့ ခပ်ချွဲချွဲ ပြောသံလေးတွေက မောင့်နှလုံးသားကို ယားကျိကျိ ဖြစ်စေသည်

ဒီဆရာဝန် ဘယ်တုန်းက ဒီလို ချွဲတတ်သွားမှန်းမောင်စဥ်းစားမရတာကြောင့် မောင်က
အကြာကြီး ဆရာဝန်လေးကို စိုက်ကြည့်နေသည်

"ဘာလို ​စိုက်ကြည့်နေတာလည်း အဆင်မပြေချင်ရင်လည်းထားတော့ကွာ"

ပြောပြီးတော့ ကျောပေးပစ်လိုက်သည်
အလင်း ဝမ်းနည်းသလိုတောင်ခံစားလာရသည်

သူကဘာမို့လိူ့လဲ ဒီလောက်အလျော့ပေးပြီး ပြောနေတာတောင် မကောင်းတဲ့ အကောင်ကြီး

"နှစ်ဦးသဘောတူအနေနဲ့ တစ်ကြောင်းလောက်ဆွဲမလား"

မောင်က နောက်ကနေ နားရွက် နားကပ်ကာ အသံခပ်အစ်အစ်ကလေးပြောတော့ ကျောထဲ စိမ့်ကနဲ

ထို့နောက် မောင်လက်က ပေါင်ကို လာပွတ်သတ်သည်

"ငါဆိုလိုတာအဲ့လိုမဟုတ်ဘူးမောင်"

"မောင်က ငါ့စကားကို ပေါ့ပေါ့တန်တန်တွေးပစ်တာပဲ ထားတော့ ငါအိပ်ပြီ"

ကျောခိုင်းပြီးသာ ပြန်ပြောကာ အိပ်ဖို့ကြိုးစားလိုက်သည် သန်းခေါင်တောင် ကျော်နေပြီမလား အိပ်ရမယ်လေ

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Where stories live. Discover now