Part-15

3K 85 5
                                    

uni

"ကြီးကြီးရေ ကျွန်တော့်ကို ကော်ဖီတစ်ခွက်"

"ရမယ် သားရေ"

အလင်း ထမင်းစားဝိုင်း ဝင်ထိုင်ပြီး မနက်စာစားဖို့ လုပ်လိုက်သည်

"မင်း အလုပ်သွားတော့မှာလား"

စာရွက်စာတမ်းတွေ ဖတ်နေတဲ့ မောင်က မျက်လုံးလှန်ကြည့်သည်

"အင်း"

"ငါ့ကိုပါ တစ်ခါထဲ လိုက်ပို့ပေး အလုပ်ကို"

"ကားမဆံ့ဘူး"

ပြောရင်းနဲ့ မောင်နွားနို့ခွက်ကို ကောက်သောက်လိုက်သည်

မောင်ဟာ ကလေးလို ဆရာဝန်လေးကို ကောက်နေတာ တစ်ပတ်ကျော်ပေါ့

ဆရာဝန်လေးကို ပြသနာရှာဖို့ကြံရွယ်ရင်း
သူဘဲ ဆရာဝန်လေးပေါင်ပေါ် မူးပြီးအိပ်ပျော်သွားတာမို့ နဲနဲရှက်ပါသည်

လက်စားချေဖို့ စဥ်းစားလိုက်တိုင်း ထိုမျက်နှာတော် နုနုကြောင့် အကြံတွေက ပျက်ရသည်

မောင်တအား စိတ်ဆိုးချင်ပါသည် စိတ်မဆိုးတတ်တာ ခက်နေရော

"ငါ့ ခွေးပေါက် က ချစ်စရာလေး "

ဆရာဝန်လေးက စားပေါ် လက်ထောက်ကာသူ့ကို စိုက်ကြည့်ပြီး ပြောတော့ မောင်ရှက်လာသလိုလို

"ဒီမှာ ခွေး မမွေးထားဘူး "

"ဒီမှာလေ ငါ့ခွေးပေါက်က နို့သောက်နေတယ်"

"ခဗျား ကျုပ်ကို ခွေးနဲ့ နှိုင်းတာလား"

"ဟော မာန်ဖီနေတာ အသည်းယားစရာ "

"ခဗျား ခဗျား ဗျာ"

မောင်ဟာရှက်ရှက်နဲ့ ထွက်သွားလေသည်

ဆရာဝန်လေး ဖလစ်တာကို ခံရပြီးနောက် မောင့်မျက်နှာ တစ်ခုလုံး ခရမ်းချဥ်သီးမှည့်လေးလို ဖြစ်ကာ နီရဲနေသည်

မသိရင် အပျိုဖြန်းလေး ရည်းစားစကားပြောခံလိုက်ရသလိုပဲ

သစ်လွင်ခန့် ရူးသွားပြီလား စိတ်ထိန်းစမ်း
စိတ်ဆိုးရမှာ သူ့ကို စိတ်ထိခိုက်အောင် အကြီး လုပ်ရမှာ

ငါအပေါ်ထပ်ကွ အခုလို ရှက်ပြနေလို့မရဘူး
ဟွန့် တွေ့ကြသေးတာပေါ့ ခဗျားကြီးကို ကျုပ်မကျေဘူး

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Where stories live. Discover now