Part-8

2.6K 106 4
                                    

uni


ကိုမင်းလက်ကိုတွဲပြီးလျှောက်ခဲ့ရတဲ့ ကျောင်းအဝင်ဝလမ်းဟာ အခုတော့တစ်ယောက်တည်း လျှောက်လမ်းရတော့မယ်

လွမ်းလိုက်တာ ကိုမင်းရယ် ငါတို့ဘဝတွေကလည်း ဝဋ်ကျွေးတစ်ခုလိုပဲလား

အလင်းစာသင်နေပေမယ့် စာထဲစိတ်မရောက် ဟိုဟိုဒီဒီငိုင်နေလို့ ဆရာ က သတိပေးရတာလဲအကြိမ်ကြိမ်

ပြန်တော့လည်း တစ်ယောက်တည်းလျှောက်လာလိုက်သည်

"ခတ်ငယ်"

"ဘာလာလုပ်တာလဲ"

"မောင့် ယောကျာ်းကိုလာကြိုတာ"

"မလိုဘူး ကိုယ့်ဘာသာကိုယ်ပြန်မယ်"

"လိုပါတယ် စိတ်မချဘူး ကိုယ့်ယောကျာ်းအချောအလှလေးကို"

"ချောလှရအောင် ငါကမိန်းကလေးမဟုတ်ဘူး"

"မိန်းမချော ချောတဲ့ မောင့် ယောကျာ်းဟုတ်ပြီလား"

"တော် တော် ဘာတွေ ပြောမှန်းမသိ "

အလင်းလည်းရှက်လာတာမို့ ကားထဲဝင်လိုက်သည် ရှက်စရာကြီး အလင်းအဲ့လိုမျိုးအပြောခံရတာသူဆီကပဲရှိသေးတယ်

"ခတ်ငယ်အတွက် ဖုန်း အဲ့ထဲမှာ ကိုယ့်နံပါတ်ထည့်ထားတယ်"

"အင်း"

"ဒါနဲ့ ခတ်ငယ်လည်း ဘွဲ့ရတော့မှာနော် ဘွဲ့ရရင် ဘာဆက်လုပ်မှာလဲ"

"ဘွဲ့ရပါတယ်ဆိုမှာ ဆရာဝန်လုပ်မှာပေါ့
နလပိန်းတုန်းရဲ့"

"ဟ မဟုတ်ဘူးလေ ဘယ်မှာ အလုပ်လုပ်မှာလဲ ကိုယ်ပိုင်တဲ့ဆေးရုံရှိတယ် အဲ့မှာ ခတ်ငယ် ဆေးရုံအုပ်လုပ်မလား"

"မလုပ်ပါဘူး မင်းလက်အောက်မှာငါမနေချင်ဘူး ငါက အစိုးရဆရာဝန်လုပ်မှာ"

"မရပါဘူး အစိုးရဆိုရင် ခတ်ငယ်က နယ်ဘက်ကို တာဝန်ကျမှာ စိတ်မချပါဘူး နီးနီးလေးမှာတောင် စိတ်မချတာ"

"ငါ့ကို မင်းအိတ်ကပ်ထဲသာ ထည့်သယ်သွားပါတော့လားသစ်လွင်ခန့်ရဲ့ ငါကလေးလည်းမဟုတ်ဘူး အဲ့လောက်ထိ စိတ်မချဖြစ်စရာမလိုဘူး ငါ့နယ်ပယ်မှာ ငါက ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်"

သူ့အမုန်းများဖြင့်ရေးခြစ်ခဲ့သည်Место, где живут истории. Откройте их для себя