၂၈

27K 1.8K 56
                                    

" ဦး​နောင် အလုပ်​တွေ မပြီး​သေးဘူးလား ဟင်။ "

​လေးမြတ်လွန်းက အိပ်ယာ​ပေါ်မှာ ​ဘေးတစ်ခြမ်း​စောင်းကာ လှဲ​နေရင်းမှ ​မေးလာသည်။ တည်တံ့​နောင်က laptopကို ​ပေါင်​ပေါ်တင်ထားရင်းမှ ကျန်ရှိ​နေ​သော စာရင်း​တွေ လုပ်​နေရသည်။

" အင်း ... ပြီး​တော့မှာ။ တစ်နာရီ​​လောက်​တော့ ကြာဦးမယ်။ ​လေး အိပ်ချင်ရင် အိပ်​လေ။ ကိုယ့်ကို မ​စောင့်လည်း ရတယ်။ "

​လေးမြတ်လွန်းက ​ခေါင်း​လေးရမ်းပြသည်။ ဆယ်နာရီခွဲပြီးခါစမို့ အရမ်းမအိပ်ချင်​သေးပါ။ ​လေးမြတ်လွန်းက ​​စောင်ခြုံထားလျက်ဖြင့် တည်တံ့​နောင်နည်းတူ ထိုင်လိုက်သည်။ ပြီး​နောက် တည်တံ့​နောင်လုပ်​​နေတဲ့ စာရင်း​​တွေကို ​ခေါင်း​လေးငုံ့ကာ ကြည့်သည်။

တည်တံ့​နောင်က ​လေးမြတ်လွန်းပါ မြင်ရ​အောင်  laptopကို ​နေရာ​ရွေ့​ပေးသည်။

" ကိုယ်ရှင်းပြ​ပေးရမလား။ရှင်းပြ​ပေး​စေချင်လား။ "

တည်တံ့​နောင်က ​မေးလာ​တော့ ​လေးမြတ်လွန်းက ပြုံးရင်းမှ ​ခေါင်းတဆက်ဆက်ငြိမ့်ပြသည်။ တည်တံ့​နောင်က ခုဏကလိုမဟုတ်ပဲ စာရင်းကို အကျယ်ချဲ့လိုက်ပြီးမှ အချိန်​ပေးကာ တစ်ခုချင်း လုပ်ပြသည်။ ပါးစပ်မှလည်း ​သေချာနားလည်​အောင် ရှင်းပြ​သေးသည်။

" ဒီလိုဆိုရင်​ရော။ "

​လေးမြတ်လွန်းက ကိုယ်တိုင်ဝင်လုပ်ကြည့်​တော့ တည်တံ့​နောင်က ​​လေးမြတ်လွန်း၏ လက်​လေး​ပေါ်မှာ ထပ်အုပ်ကိုင်လိုက်ပြီးမှ ဇယားကွက်​တွေကို ​နေရာ​ရွှေ့ကာ ​​သေချာ​လေး ရှင်းပြသည်။

" တစ်နှစ်တာ ဝင်​ငွေရဲ့ ပျမ်းမျှနဲ့တွက်ရတာ​လေ ​လေးရဲ့။ ဒီထဲမှာ ဝန်ထမ်း​တွေရဲ့လစာ၊ စာ​ရေးမ​တွေရဲ့လစာနဲ့ HRရဲ့လစာ စသဖြင့် အမျိုးမျိုးရှိတယ်​လေ။ ပုံ​သေမဟုတ်ဘူး။ ​နောက်ပြီး ရှယ်ယာရှင်​တွေမှာလည်း ပါဝင်ထားတဲ့ Percentageပမာဏက မတူညီကြဘူး​လေ။ "

" ​သြော် ... အင်း "

​​လေးမြတ်လွန်းက စိတ်ဝင်စား​နေတာမို့ ခန္ဓာကိုယ် တစ်ဝက်က တည်တံ့​နောင်၏ ရင်ခွင်ထဲ ​ရောက်​နေပြီ။တည်တံ့​နောင်က ​လေးမြတ်လွန်း၏ ပုခုံး​ပေါ်မှာ ဝိုက်ကာ သိမ်းဖက်ထားသည့် အ​နေအထားဖြင့် ​လေးမြတ်လွန်းလက်​လေးကို ကိုင်ကာ ​နောက်ထပ် ထပ်ရှင်းပြသည်။

ရစ်ပတ်​နှောင်တွယ်    ရစ်ပတ်​နှောင်တွယ်(Completed)Donde viven las historias. Descúbrelo ahora