(Zawgyi)
<14>
(နတ်ဆိုးတစ်ကောင်အား ပင့်ဖိတ်မိခြင်း)သုံးရက်ကြာပြီးနောက်..
"ခွန်း! အင်တာဗျူးအောင်စာရင်းထွက်လာပြီ မင်း
နာမည်ပါတယ်ကွ"အဆောင်ခန်းတံခါး၏ ဝုန်းကနဲနေအောင်ပွင့်သွားသံ
နှင့် လင်းထက်၏အသံကတစ်ပြိုင်နက်တည်းထွက်လာ
သည်။ ထိုအချိန်တွင် ခွန်းက မကြာခင်လာတော့မည့်
စာမေးပွဲ အတွက်ပြင်ဆင်နေခြင်းဖြစ်သည်။ခွန်း၏ ဘော့ပင်ကိုင်ထားသောလက်မှာရပ်တန့်သွားပြီး
လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။"အောင်စာရင်းက အစောကြီးထွက်လာတာလား?"
ခွန်း အံ့ဩစွာဖြင့် လင်းထက်ကို မေးလိုက်မိသည်။
ခွန်း..သိသလောက်အောင်စာရင်းက နောက်နှစ်ပတ်
လောက်နေမှ ကြော်ငြာမည်ဖြစ်သည်။ လင်းထက်က
သူ့လွယ်အိတ်ကို ချလိုက်ပြီး သူ့ကုတင်တွင် ဝင်ထိုင်
သည်။"ဟုတ်တယ်ကွ! ဘာလို့ခပ်မြန်မြန်ထွက်လာတာလဲ
ငါလဲမသိဘူး။ဒါပေမယ့် ဘာအရေးလဲ မင်းနာမည်က
အောင်စာရင်းမှာ ပါတာဘဲလေ။ ဒီမှာကြည့်!"လင်းထက်က သူ့လက်ထဲရှိYs ၏တရားဝင်စာမျက်နှာ
ကို ဖွင့်ထားသောဖုန်းကို ခွန်းကိုထိုးပြလာသည်။"သူပြောထားတဲ့အတိုင်းဆို စာမေးပွဲပြီးတာနဲ့အလုပ်
တန်းဝင်ရမယ့်ပုံဘဲ"ခွန်းယူကြည့်လိုက်တော့တစ်ကယ်ပင်စာမေးပွဲပြီးသည်
နှင့်တန်းအလုပ်ဝင်ရမှာပင်။ပိုစောလိုက်သောရက်များကို
အလုပ်သင်ကာလအဖြစ်သတ်မှတ်ပေးကာသူတို့ကိုသင်
ကြားလေ့ကျင့်ကျင့်မှုများနှင့်ထိတွေ့စေမည်တဲ့။ခွန်းအတွက်တော့ အဆင်ပြေသည်ပင်။
ကျေနပ်မှုကြောင့် ခွန်းမျက်နှာနုနုတွင်အပြုံးတစ်ခုဖြစ်ထွန်း
သောအခါ ခန်းစီးလိုက်ကာကိုဖြတ်လာသောလေနုအေး
ကအချိန်ကိုက်ပင် တိုက်ခတ်လာပြီး ခွန်း..မျက်နှာကို
အလုအယက်ထိတွေ့ချင်ဟန်ဖြင့် ကျီဆယ်လာသည်။"ပထမဆုံးလစာရတာနဲ့ ညစာလိုက်ကျွေးဖို့ပြင်ထားနော်
ခွန်း"
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠