(Zawgyi)
<10>
(နတ်ဆိုးတစ်ကောင်အား ပင့်ဖိတ်မိခြင်း)ကောင်းကောင်းအိပ်ပျော်ထားသောကြောင့် ခွန်းမျက်နှာ
အရောင်မှာအတော်ကိုကောင်းနေသည်။အချိန်ပိုင်းအလုပ်
မှအစ်ကိုပင်မေးလာသည်အထိပင်။ ခွန်းက စာသင်ချိန်
တွင်အိပ်မိသွားကြောင်း ပြောပြတော့ အစ်ကိုကရယ်
သည်။ခွန်းလိုစံပြကျောင်းသားက စာသင်ခန်းထဲအိပ်တာ
အဆင်ပြေရဲ့လားတဲ့။ ခွန်း ဂုတ်ပိုးကိုသာလက်နှင့်
ပွတ်ရင်းရယ်မိတော့သည်။ ညနေအလုပ်ဆင်းချိန်
ရောက်တော့ ခွန်းအစ်ကိုနှင့်အလုပ်လဲကာအစ်ကို့
ကိုနှုတ်ဆက်ပြီးပြန်ရန်ပြင်လိုက်သည်။ထုံးစံအတိုင်းပင် လမ်းတစ်လျှောက်တွင် ညမီးရောင်
နှင့်အတူခွန်းသာရှိ၏။ ခွန်းခြေလှမ်းမှန်မှန်နှင့်လျှောက်
ကာ ကားမှတ်တိုင်သို့ရောက်သည်နှင့် အချိန်ကိုက်ကာ
ရောက်လာသော bus ကားပေါ်သို့တက်လိုက်သည်။ကားပေါ်တွင် ခရီးသည်အနည်းငယ်သာရှိသည်။
ခွန်းနေရာလွတ်တစ်ခုတွင်ဝင်ထိုင်ကာ အပြင်ကို
ကြည့်နေလိုက်သည်။တခစ်ခစ်နှင့်ရီသံသေးသေးလေးကြားတာကြောင့်
ခွန်းအသံလေးလာရာကိုကြည့်လိုက်တော့ ပေါက်ကာ
စသွားလေးများနှင့် တခစ်ခစ်ရီပြနေသော ကလေးမ
လေးတစ်ယောက်။ သူမေမေ၏လက်ကိုကိုင်ကာ
ခွန်းဘက်ကိုကြည့်ပြီးရီပြနေသည်။"ဦးဦး နှစ်ယောက် ချော ချော.."
ကလေးမလေးက ခွန်းကိုကြည့်ကာပြောလာသည်။
ကလေးမလေး၏အသံကြောင့် ကလေးမလေးအမေက
ခွန်းကိုလှည့်ကြည့်လာ၏။ သူမက ခွန်းကိုပြုံးပြလာပြီး
ကလေးမလေး၏ ပါးဖောင်းလေးကိုဖွဖွညစ်ပြီးပြော၏။"နိုနို မှားနေပြီ ဦးဦးတစ်ယောက် ချောချော လို့ပြော
ရမှာ။ စားသမျှက ဒီဗိုက်လေးထဲဘဲရောက်ကုန်တော့
မှာလား..ဟွန် ဝက်လုံးလေး.."သူ့ကို ဝက်လုံးလေးဟုခေါ်လိုက်သောကြောင့်ထင်
ကလေးမလေးက ဟွန့်ကနဲနှာမှုတ်ကာ သူ့အမေကို
လျစ်လျူရှုပြစ်လိုက်တော့သည်။ ကလေးမလေး၏
ချစ်စရာအပြုအမူလေးက ခွန်းကိုပါပြုံးမိစေသည်။
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠