<16>

1.8K 200 27
                                    

(Zawgyi)

Part-16

"ဟုတ်ကဲ့ အဖွဲ့မှူး ကျွန်တော်သွားလိုက်ပါမယ်"

ခွန်း,အဝတ်အစားလဲပြီးသည်နှင့် အိတ်ကိုလွယ်ကာ
ချိန်းထားသောဆီသို့သွားရန်ပြင်လိုက်သည်။ 

သိပ်မကြာခင်ကခွန်း,လက်ခံလိုက်သော ကမ်းလှမ်းမှု
အတွက် အလုပ်ရှင်ဘက်မှလူတွေ့ချင်သည်ဟုဆိုကာ
အဖွဲ့မှူးမှတစ်ဆင့်ဆက်သွယ်လာခဲ့သည်။

ခွန်း,ကိုယ်တိုင်ကလည်းတစ်ဖက်နှင့်တွေ့မည်ဟု
စိတ်ကူးရှိပြီးသားမို့ထွေထွေထူးထူးပြောမနေတော့ဘဲ
သဘောတူလက်ခံလိုက်ကာချိန်းထားသောနေရာဆီ
သို့ထွက်လာလိုက်ခြင်း...။

အဖွဲ့မှူးပို့ထားသောလိပ်စာကိုကြည့်လိုက်တော့
မြို့လယ်ရှိကော်ဖီဆိုင်လေးတွင်ဖြစ်သည်။ခွန်း,
တက္ကဆီ  ငှားရန်အတွက်ကားမှတ်တိုင်သို့သာ
ဦးတည်လိုက်သည်။

မှတ်တိုင်ရောက်သည်နှင့်အဖွဲ့မှူးပေးထားသော
တစ်ဖက်မှခွန်းကိုလာတွေ့မည့်သူ၏ဖုန်းနံပါတ်သို့
ခွန်းရောက်မည့်အချိန်ကိုမက်ဆေ့ခ်ျပို့လိုက်သည်။

တီ......။

"လမ်းကူးရင် ကြည့်ကူးလေ သေချင်လို့လား!ြ
မန်မြန်သေချင်လဲ တံတားပေါ်ကခုန်ချ ကားသမား
တွေကို ဒုက္ခလာမပေးနဲ့ !!"

ကားဟွမ်းသံကျယ်ကျယ်နှင့်အတူ ကားသမားကြီး
ကဒေါသတကြီးပြောကာ ကားကိုဆက်မောင်းထွက်
သွားသည်။

ခွန်း,အချိန်မှီလှမ်းဆွဲလိုက်သော အမျိုးသမီးကြီးက
ထိတ်လန့်မှုကြောင့်သူမမျက်နှာအနည်းငယ်ဖြူလျော့
နေသည်။အမျိုးသမီးကြီးက မီးစိမ်းနေစဉ်လမ်းဖြတ်
ကူးမိမလိုဖြစ်ခြင်းဖြစ်သည်။

ခွန်း,တစ်ဖက်ကိုမက်ဆေ့ပို့အပြီးဖုန်းကိုပြန်သိမ်း
ကာဘေးဘီကိုအကြည့်ရောက်မိ၍သာတော်တော့
သည်။ မဟုတ်လျှင် သူမထိခိုက်သွားမှသေချာသည်။

သူမကသစ်သားနှင့်လုပ်ထားသောတုတ်ကောက်ကို
ကိုင်ထားပြီးအမြင်အာရုံသိပ်ကောင်းပုံမရပေ။

"အန်တီ အဆင်ပြေရဲ့လားဗျ"

"ကျေး..ကျေးဇူးတင်ပါတယ်ကွယ် အန်တီကမျက်လုံး
မမြင်လို့ပါ"

နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]Where stories live. Discover now