(Zawgyi)
<3>
(နတ်ဆိုးတစ်ကောင်အား ပင့်ဖိတ်မိခြင်း)လင်းထက်စီစဉ်ထားသောခရီးတိုလေးကမြို့ပေါ်နှင့်
သိပ်မဝေးသောနေရာလေးတစ်ခုဖြစ်၏။ခွန်း၊လင်းထက်
နှင့်အခြားကောင်လေးနှစ်ယောက်အပြင်ခပ်ချောချော
ကောင်မလေးသုံးယောက်ပါပြီးလင်းထက်သူငယ်ချင်း၏
ကားနှင့်ပင်တူတူသွားဖြစ်ကြ၏။လင်းထက်သူငယ်ချင်း၏
ကားကအိမ်ကျယ်တာကြောင့်ခရီးသွားဖို့အသင့်တော်
ဆုံးပင်။လင်းထက်သူငယ်ချင်းကကားမောင်းပြီးလင်းထက်က
မောင်းသူဘေးခုံတွင်ထိုင်ကာဂစ်တာတစ်လက်ကို
တဒေါင်ဒေါင်နှင့် လမ်းပြလုပ်၏။ပါလာသောမိန်းကလေး
များနှင့်စနောက်ကာသီချင်းများအော်ဆိုကြရင်းခရီးစဉ်က
အတော်ကိုပျော်ဖို့ကောင်း၏။သူတို့ထဲတွင်ခွန်းတစ်ယောက်ထဲကသာအငြိမ်ဆုံးဖြစ်
၏။ ခွန်းအကြောင်းကိုသိသောလင်းထက်ကလည်းခွန်း
ကိုသူတို့နှင့်ပျော်ပါးရန်အတင်းမတိုက်တွန်းဘဲလွှတ်ပေးထား၏။ခွန်း..လင်းထက်တို့သီချင်းဆိုသံများကိုနားထောင်ရင်း
အပြင်ဘက်ရှုခင်းများကိုကြည့်ကာလိုက်ပါလာခဲ့၏။ခွန်း
၏စိတ်အစဉ်သည်လည်းအတော်ကိုအဆင်ပြေကာကြည်
လင်နေတာကြောင့် ခွန်းမျက်နှာတွင်အပြုံးဖြင့်ပြည့်နေ
၏။နာရီအနည်းငယ်ကြာပြီးနောက်လင်းထက်၏လမ်းပြမှု
အတိုင်းကားကိုအဝေးပြေးလမ်းမကြီး၏ရိုးရိုးမြေလမ်း
သွယ်သွယ်လေးထဲကိုချိုးဝင်လိုက်၏။များမကြာမှီပင်မြင်ကွင်းများကစိမ်းစိုလာကာသဘာဝ
အငွေ့အသက်ကိုသိသိသာသာရလာ၏။သစ်သားတံတား
လေးတစ်ခုအနီးတွင်ကားကိုရပ်ပြီးရှေ့ဆက်ကာလမ်း
လျောက်ရမည်ဖြစ်ကြောင်းလင်းထက်ကပြောလာ၏။သစ်သားတံတားလေး၏တစ်ဖက်တွင်ဂန္ဓာပန်းအဖြူ
လေးများကိုအခင်းများပုံစံစနစ်တကျစိုက်ပျိုးထား၏။
မိန်းကလေးများမှာလည်းရှေ့ဆက်ကာလမ်းလျောက်
ရမည်ကိုငြီးငြူမနေဘဲဖုန်းများထုတ်ကာအပြိုင်အဆိုင်
ဓာတ်ဖမ်းဖို့သာလုပ်နေကြ၏။ယောက်ျားလေးများကသူမတို့၏ဖိုတိုဂရက်ပါများအဖြစ်
ထမ်းဆောင်ရတော့၏။ခွန်း ဂန္ဓမာပန်းအဖြူလေးများကို
ကြည့်နေစဉ်လင်းထက်ကအနားကိုရောက်လာ၏။
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Roman d'amourတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠