(Zawgyi)
<11>
(နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း)အေးစက်ကာနူးညံ့သောအထိအတွေ့ကိုခံစားလိုက်ရ
သောခြေချောင်းလေးများသည်ကွေးကုတ်ကာသွားတော့
သည်။"ဟင့်.."
ကောင်လေးဆီမှညင်သာသောအသံတိုးတိုးလေးတစ်ခု
ထွက်လာသည်။ကောင်လေးအိပ်ပျော်နေဆဲဖြစ်ပြီးသူ
ကိုယ်တိုင်ပင်မသိလိုက်ဘဲအလိုအလျောက်တုန့်ပြန်မှု
အရအသံတိုးတိုးလေးပြုလိုက်မိခြင်းဖြစ်သည်။ထိုအသံကပင်တစ်ဖက်ကိုတော့ပိုလိုပင်စိတ်လှုပ်ရှား
သွားစေကာနဂိုမှောင်မိုက်နေသောမျက်လုံးများကိုပိုကာ
နက်ရှိုင်းသွားစေသည်။ထိုအရာကသူ့လျှာဖျားကိုအသုံးပြုကာကောင်လေး၏
ချစ်စရာကောင်းသောခြေချောင်းလေးကိုထိထိမိမိရစ်
ပတ်လိုက်သည်။တစ်ဖက်တွင်လည်းကောင်လေး၏
ခြေကျင်းဝတ်လေးကိုဆုပ်ကိုင်ထားသေးသည်။အိပ်ပျော်နေသောကောင်လေးသည် ဆတ်ကနဲထထိုင်
ကာအိပ်ရာဘေးမှမီးအိမ်လေးကိုဖွင့်လိုက်သည်။ အခန်း
ထဲတွင်ရှင်းလင်းနေကာတစ်ဖက်ကုတင်တွင်အိပ်ပျော်နေ
သောအခန်းဖော်သာရှိသည်။"အိပ်မက်လား.."
ရေရွတ်ယုံပြောလိုက်ပြီးသူခြေချောင်းလေးများကို
ကုတ်ကွေးလိုက်သည်။သူတစ်ကယ်ကိုအေးစက်သော
အထိအတွေ့တစ်ခုကိုခံစားမိလိုက်တာဖြစ်သည်။အဲ့တာ..အဲ့တာကတစ်စုံတစ်ယောက်ကသူခြေချောင်း
တွကိုလျှက်နေသလိုဘဲ....အိပ်ရာဘေးမှရေဗူးကိုယူကာပါးစပ်အပြည့်မော့ကာ
သောက်လိုက်သည်။မကြောက်တတ်သူမို့အချိန်တော်
တော်ကြာကြာတော့ထိတ်လန့်မနေ။ စိတ်ငြိမ်သွားသည်
နှင့်ပြန်အိပ်ရန်သာပြင်လိုက်သည်။မနက်လေးနာရီသာရှိ
သေးသည်မို့ အိပ်ချိန်တစ်ချို့ရသေးသည်လေ။တစ်ခဏအကြာတွင် ခွန်းပြန်အိပ်ပျော်သွားတော့သည်။
တစ်ဖက်ကအရာကဒီတစ်ခါတွင်တော့ အတင့်မရဲတော့
ပေ။ ခွန်းဘေးတွင်တစ်စောင်းလှဲကာအကြည့်မလွဲဘဲ
ကြည့်နေလေ၏။
.
.
.
Ys၏ အင်တာဗျူးကျင်းပရာ အခန်းကျယ်ထဲတွင်ဖြစ်
သည်။ ကျွန်းနှင့်မှန်ကိုသုံးကာ လုပ်ထားသော အနက်
ရောင်စားပွဲရှည်တွင် လူသုံးဦးကနေရာယူထားသည်။
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠