<4>

2.4K 362 23
                                    

(Zawgyi)

<4>

အမျိုးသမီးကြီး၏လက်ကချက်ချင်းပင် ပြန်ရုတ်သွား
သည်မှာ အစောတလျင်နိုင်လွန်းသောကြောင့် ခွန်းပင်
လန့်သွားရသည်။

သူမကပျက်ယွင်းသွားသောအမူအရာကို ချက်ချင်းပင်
ထိန်းလိုက်ကာ သူမ၏မီးစလောင်ကျွမ်းသလို ပူလောင်
သွားသော လက်ချောင်းထိပ်များကိုပွတ်လိုက်၏။

"ဒီနေ့တော့ဒီလောက်ပါဘဲ။ ဒေါ်လေးနည်းနည်းပင်ပန်း
လာလို့။ သိတဲ့အတိုင်း အသက်ကရလာတော့ အပင်ပန်း
သိပ်မခံနိုင်တော့ဘူး။ ကလေးတို့နဲ့တွေ့ဆုံခွင့်ရတာ
ဝမ်းသာပါတယ်"

သူမကခပ်ဖျော့ဖျော့ပြုံးပြလာ၏။အတွေ့ကြုံများသော သူမ၏အမူအရာကပိရိလွန်းသောကြောင့် ခွန်းတို့
အကုန်လုံး သတိပင်မထားမိကြချေ။

အစောကအထိတ်တလန့်ဖြစ်သွားသော သူမ၏အမူ
အရာကိုလည်း မျက်စိမှားသည်ဟုသာတွေးလိုက်ကြ
သည်။ သူမ၏လှုပ်ရှားမှုကင်းမဲ့နေသော မျက်စံများက
ခွန်းဘက်ကိုရွေ့လာသည်။

"ကလေးနာမည်ဘယ်လိုခေါ်လဲ"

"ကျွန်တော့်နာမည်မိန့်ခွန်းစေသာပါ ဒေါ်လေး"

သူမကခေါင်းငြိမ့်၏။ သူမရှေ့စားပွဲခုံ၏ အံဆွဲလေးထဲမှ
အနီရောင်ကြိုးလေးကို ထုတ်လိုက်ကာ ခွန်း လက်ကို
တောင်းယူပြီး သူမကိုယ်တိုင်ပတ်ပေးသည်။သူမကပြော
လာသည်။

"ဒါလေးကိုအမြဲပတ်ထားနော် ကလေး..အန္တရာယ်ကင်း
စေလိမ့်မယ်"

သူမ၏အသံကနွေးထွေးသော်လည်း စိုးရိမ်မှုတစုံ
တရာလည်းရောနှောနေသောကြောင့် ခွန်း နားမလည်
နိုင်ဖြစ်သွားရ၏။ သူမကဘာကိုစိတ်ပူနေတာလဲ။

ခွန်းကြိုးနီလေးကိုကြည့်လိုက်ကာသူမကို ကျေးဇူးတင်
စကားပြောလိုက်တော့ သူမကခပ်ဖျော့ဖျော့အပြုံးတစ်ခု
ဖြင့်ခေါင်းငြိမ့်ပြလာ၏။

"အချိန်လည်းမစောတော့ဘူး ကလေးတို့ကပြန်ရဦးမှာ
ဆိုတော့သွားကြတော့။ လမ်းခရီး ဖြောင့်ဖြူးပါစေကွယ်"

ခွန်းတို့အကုန်လုံး သူမကိုနှုတ်ဆက်ကာပြန်ရန်ပြင်
လိုက်ကြသည်။ ခွန်းတို့ကားရပ်ထား သောနေရာနှင့်
သူမအိမ်ကဖြတ်လမ်းတစ်ခုရှိတာကြောင့် ကားဆီသို့
သာတိုက်ရိုက်ပြန်ရန်ပြင်လိုက်ပြီး လင်းထက်ဘကြီးကို
တော့သူတို့ပြန်တော့မည်ဖြစ်ကြောင်း ဖုန်းဆက်ပြီးသာ
အကြောင်းကြားလိုက်၏။

နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]Where stories live. Discover now