<6>

2.3K 313 12
                                    

(Zawgyi)

<6>

"မယ်နု နင်ပြောတဲ့စကားကသေချာလား။ တစ်ကယ်ဘဲရက်စက်လွန်းတဲ့ဝိဉာဉ်လား"

ပင်လုံတိုက်ပုံကိုဝတ်ထားသော အမျိုးသားကြီးကမေးသည်။မယ်နုဟုခေါ်သော အမြင်အာရုံမရှိသည့် အမျိုးသမီးကြီးကပင်လုံတိုက်ပုံဝတ်အမျိုးသားကြီး၏ စကားကိုအတည်ပြုသည်အနေဖြင့် ခေါင်းငြိမ့်ကာပြသည်။

သူမကလက်သီးတစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းသူမမြင်လိုက်ရသည့် ထိတ်လန့်ဖွယ်ရာများကို ပြန်ပြောင်းကာပြောပြလာ၏။

"သူက မိသားစုတစ်စုလုံးကို သတ်ခဲ့တာအစ်ကိုကြီး။ သုံးနှစ်ကလေးကိုတောင် မချန်ခဲ့ဘူး။သူ့မျက်လုံးတွေက အေးစက်နေတာအရမ်းကြောက်ဖို့ ကောင်းတယ်။ အခုသူကဘာရည်ရွယ် ချက်ရှိမှန်းမသိပေမယ့် ကောင်လေးအနားမှာ ရှိနေတယ်။သူ..သူ ကျွန်မကိုတောင် သတ်တော့မလို့"

ပင်လုံတိုက်ပုံဝတ်ထားသော အမျိုးသားကြီးက ညီမဖြစ်သူပြောလာသော အကြောင်းများကို အာရုံစိုက်ကာ နားထောင်ရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။ သူကညီမဖြစ်သူကိုနှစ်သိမ့်စကား ပြောလာသည်။

"စိတ်ကိုအေးအေးထားစမ်း မယ်နု။ငါတို့ဆရာကြီးက ငါတို့ကိုစိတ်နှလုံးမှာ နောက်ကျိတာတွေမရှိအောင် ထိန်းရမယ်လို့ ပြောထားတယ်လေ"

သူတို့က ဓမ္မလမ်းစဉ်ကို လိုက်နာကြသော သူများဖြစ်သည်။သူတို့သည် အမှန်တရားကို လက်ကိုင်ထားကာ မှန်လိုကြည် လင်သော စိတ်ထားဖြင့် လူ့လောကအကျိုးကိုသယ်ပိုးရန်အသင့်ရှိနေကြသူများ ဖြစ်သည်။

အမျိုးသမီးကြီးက ဆရာသခင်၏ ဆုံးမမှုများကို ပြန်သတိရသွားသောကြောင့်ချက်ချင်းပင် ပြန်ဖြေလာသည်။

"ကျွန်..ကျွန်မသိပါပြီအစ်ကိုကြီး"

အမျိုးသားကြီးက ဆက်ကာမေးလာသည်။

"အဲ့ဒီဝိညာဉ်အကြောင်းကို ကာယကံရှင် ကလေးရောသိရဲ့လား။ နင်အဲ့ဒီကလေးကို သတိရောပေးလိုက်ရဲ့လား မယ်နု"

အမြင်အာရုံမရှိသော အမျိုးသမီးကြီးက ခေါင်းကိုဖြည်းညင်းစွာ ခါလာ၏။သူမထိုကလေးကို အသိပေးဖို့ကြိုးစားပါသေးသည်။ သို့သော်သူမအတွက် အခွင့်မသာခဲ့။

နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]Where stories live. Discover now