(Zawgyi)
<7>
"ကလေးအမြဲတမ်း ပတ်ထားတဲ့ လက်ပတ်ကြိုးလေးက
ဒီတစ်ခုဘဲ..မှတ်ထားနော် ဒီတစ်ခုကသာ ကလေးပတ်
ထားနေကြ လက်ပတ်လေးဘဲ.."
သံလိုက်လို ညို့ငင်နိုင်သောအသံက ခပ်တိုးတိုးနိုင်စွာ
ထွက်ပေါ်လာသည်။ မကျဉ်းမကျယ်အဆောင်ခန်းလေး
ထဲတွင် အိပ်ပျော်နေသော ကောင်လေးသည်သူ၏
အကြားအာရုံထဲကို စိုးမိုးလာသော အသံကြောင့်
မျက်ခုံးလေးများကို တွန့်လိုက်သည်။
နောက်ဆုံးတွင်တော့ ထိုအသံကအောင်နိုင်မှုရသွား
ပုံရပြီး အိပ်ပျော်နေသော ကောင်လေးဆီမှ နာခံစွာပြန်
ဖြေသည့် အသံတိုးတိုးလေးထွက်လာ၏။
"အွန်း....."
ကောင်လေးသည်နောက်ဘက်စီမှခံစားလိုက်ရသော
အေးစက်မှုကြောင့်ကိုယ်ကိုပိုကာကွေးလိုက်သည်...။
ကောင်လေး၏နောက်ပါးတွင်တော့ခပ်မှိန်မှိန်ဆန်သော
ကိုယ်ထည်တစ်ခုကရှိနေပြီးထိုအရာကကောင်လေးကို
ညင်သာစွာပိုက်ထွေးထား၏။ကောင်လေး၏ပုခုံးတစ်ဝိုက်
မှလက်တစ်ဖက်ဖြင့်ထုပ်ပိုးထားပြီးခါးလေးတွင်ကျန်လက်
တစ်ဖက်ကသိမ်းဖက်ထားသည်။
ပိုင်စိုးလိုစွာဖြင့်နက်ရှိုင်းနေသောအကြည့်များဖြင့်
ထိုအရာကကောင်လေး၏နသန်သီးလေးကိုခပ်ဖွဖွ
လေးနမ်းလိုက်၏။တစ်ကြိမ်ပြီးတစ်ကြိမ်..။ထိုသူက
မူးယစ်ဆေးကိုတမ်းတစွာသုံးစွဲနေသောသူလိုပင်
ကောင်လေး၏နသန်သီးလေးကိုထပ်ခါထပ်ခါနမ်း
နေတော့၏။
"လိမ္မာလိုက်တဲ့ကောင်လေး.."
ထိုအရာကကျေနပ်စွာပြောသည်။ထိုအရာက
ကောင်လေးကိုအဖော်ပြုပေးနေသည်မှာအာရုံတက်၍
ကောင်လေးစာကျက်ရန်ထသည့်အချိန်အထိပင်။
စာမေးပွဲဖြေရသည့်အချိန်ကာလဖြစ်တာကြောင့်ကြိုးစား
သောကောင်လေးကစောစောအိပ်ရာထကာစာကျက်တတ်
သည်။
ခွန်း..နှိုးစက်ကိုပိတ်လိုက်ကာကိုယ်လက်သန့်စင်လိုက်
ပြီး စာလုပ်ရန်စားပွဲတွင်ထိုင်လိုက်သည်။အခန်းဖော်ကိုယအနှောင့်အယှက်ဖြစ်မည်ဆိုးတာကြောင့်စာကြည့်မီးအိမ်
လေးကိုသာဖွင့်လိုက်ပြီးဒီနေ့ဖြေမည့်ဘာသာရပ်ကိုပြန်
နွေးရန်လုပ်လိုက်သည်။
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Roman d'amourတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠
![နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]](https://img.wattpad.com/cover/306978318-64-k607044.jpg)