<12>

1.8K 271 6
                                    

(Zawgyi)

<12>

"ခွန်း ဂရုစိုက်သွားဦးနော်.. အရမ်းနောက်ကျနေပြီ လမ်းမှာက လူပြတ်တော့ တစ်ခါတစ်လေအမူးသမားတွေရှိတတ်တယ်"

"ဟုတ်ကဲ့ အစ်မမေ.. ကျွန်တော်ဂရုစိုက်ပါ့မယ်"

"တစ်ခုခုဆို စကားနည်းရန်စဲဘဲ ဖြေရှင်းနော် ခွန်း"

"ဟုတ်ကဲ့ အစ်မမေ"

ခွန်း ဆိုင်ရှင်အစ်မကိုနှုတ်ဆက်ကာ ပြန်ရန်ပြင်လိုက်သည်။ လက်ကနာရီကို ကြည့်လိုက်တော့ ည၁၀နာရီ။ အစ်မမေ၏ ဆိုင်လေးက ရပ်ကွက်အတွင်းတွင်ဖြစ်၏။

လမ်းထိပ်ကိုထွက်သောအခါ အနည်းငယ်လူပြတ်တတ်သည်။ ထို့ကြောင့်လည်း အစ်မမေက ခွန်းကိုဂရုစိုက်ရန် မှာနေခြင်းဖြစ်သည်။

ခွန်း လွယ်နေကျကျောပိုးအိတ်လေးကို တစောင်းလွယ်ကာ ခပ်သွက်သွက်လေးလျှောက်လိုက်သည်။ ညအချိန်မို့တိတ် ဆိတ်နေပြီး ကောင်းကင်ယံတွင်ကြယ်များက နေရာယူနေသည်။ အေးချမ်းကာလှပသည်ဟု ခွန်းထင်မိသည်။

သို့သော်ထိုလှပမှုမှာ ယိုင်နဲ့နဲ့ဖြင့်မူးရူးကာလျှောက်လာသောလူစုကြောင့် ပျက်စီးသွားရသည်။ အော်ကြီးဟစ်ကျယ်ဖြင့် သီချင်းများကိုအာလေးလျာလေးအော်ဆိုနေကြသည်။ ခွန်း ဘေးဘက်ကိုကပ်ကာ ထိုသူများကိုရှောင်သွားရန်သာပြင်လိုက်သည်။

"ဟေး.. ညီလေး အေ့ ဘယ်သွားမလို့လဲကွ"

ပြသနာမဖြစ်ချင်ပါသော်လည်း ပြသနာကတော့ခွန်းဆီ
ကို ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်လေသည်။

"ကျွန်တော် အလုပ်ကပြန်လာတာပါ"

ခွန်းကောင်းကောင်းမွန်မွန်ပင် ပြန်ဖြေလိုက်သည်။ထိုသူများက ၅ယောက်ခန့်ရှိပြီး မိုက်မိုက်ကန်းကန်းပုံစံများပင်။ ခွန်းလည်းယောက်ျားမို့ ကိုယ့်ကိုထိရင်တော့ပြန်ချမည်ဖြစ်သည်။ ပြသနာမဖြစ်လည်းကောင်းတာပင်။

အမူးသမားများထဲမှတစ်ယောက်က အာလေးလျှာလေးဖြင့်ပြောလာသည်။

"တွေ့ရတာ အေ့ ဝမ်းသာပါတယ်။ အဲ့ဒီတော့လေ ဟောဒီကချစ်ကိုကြီးတို့ကို နည်းနည်းပါးပါး ဒကာမခံချင်ဘူးလား"

နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]Where stories live. Discover now