(Zawgyi)
<17>
(နတ်ဆိုးတစ်ကောင်အား ပင့်ဖိတ်မိခြင်း)တွေ့ဆုံမှုအပြီး ခွန်း အိမ်သို့သာပြန်လာလိုက်သည်။
အလုပ်များကိုလက်စသတ်နေမိရင်း နာရီကြည့်လိုက်
တော့ 9နာရီ။ အိပ်ချင်စိတ်က သိပ်မဖြစ်သေးတာကြောင့်
မအိပ်ခင် စာဖတ်ဦးမည်ဟုတွေးမိသည်။စာအုပ်စင်ပေါ်မှ စိတ်ကြိုက်စာအုပ်တစ်အုပ်ကိုရွေးချယ်
လိုက်ပြီးကုတင်ခေါင်းရင်းကိုမှီကာစာဖတ်ရန်ပြင်လိုက်၏။ မိန့်ခွန်းစေသာက စာဖတ်ရတာကြိုက်သည်။ ထို့ကြောင့်
လည်း အခန်းထဲတွင် စာအုပ်စင်လေးတစ်ခုကိုလုပ်ထား
ဖြစ်၏။ညဝတ်အင်္ကျီချည်သားဝမ်းဆက်လေးကိုဝတ်ထားသော
မိန့်ခွန်းစေသာ၏ မျက်လုံးများကတောက်ပနေပြီး လက်
ဆစ်ပြေပြေလေးများရှိသောလက်တစ်ဖက်က စာမျက်နှာ
များကိုဂရုတစိုက်လှန်နေသည်။နာရီသံများက တစ်ချက်ချက်..။ အခန်းအတွင်း မိန့်ခွန်းစေသာ၏ စာရွက်လှန်သံနှင့်အသံရှူသံဖျော့ဖျော့မှတစ်ပါးတိတ်
ဆိတ်နေ၏။..ကလေးအိပ်လိုက်ပါ အရင်ချိန်တစ်ချို့ကို ကိုယ်ခေါ်
သွားပေးမယ်...ရှတတသံက ဩဇာအပြည့်ရှိသလို မိန်းခွန်းစေသာကို
လွမ်းမိုးနိုင်သေည်။ မျက်ခွံများလေးလာတာကြောင့်
မိန်းခွန်းစေသာ မျက်တောင်များကိုပုတ်ခက်ပုတ်ခက်လုပ်
ကာ မျက်ရိုးလေးကိုလက်နှင့်ဖိလိုက်သည်။ကြည့်ရတာ ဒီနေ့အနည်းငယ်ပင်ပမ်းသွားတာကြောင့်
ထင်။ မိန်းခွန်းစေသာသည်ကိုယ်တိုင်မသိလိုက်ခင်မှာပင်
တဖြည်းဖြည်းနှင့် အိပ်ပျော်မှုထဲတိုးဝင်သွားတော့၏။မိန့်ခွန်းစေသာမျက်ခွံလေးများမှိတ်ကျသွားသည်နှင့်
အနီဖျော့ရောင်အလင်းတစ်ချို့ကိုပေးသောလိပ်ပြာလေး
တစ်ကောင်သည် ညင်ညင်သာသာတောင်ပံခတ်ကာဖြင့်
မိန့်ခွန်းစေသာအနားကိုချည်းကပ်လာသည်။မိန့်ခွန်းစေသာနဖူးပြင်ပြေပြေလေးထပ်တွင် ခြေချပြီးသည်
နှင့်အလင်းတန်းငယ်အဖြစ်ပြောင်းကာတိုးဝင်ပျောက်ကွယ် သွားတော့၏။
.
.
.
ကြီးမားလွန်းသောအဆောင်ကြီးက ခမ်းနားသည်ဟူသောစကားသည်ပင်သူ့အတွက်မလုံလောက်ပေ။ ရွှေငွေကဲ့
သို့သောအရာများကို တိုင်လုံးများတွင်အလှဆင်,စီခြယ်
ထားပြီး ကျောက်မြတ်ရတနာတစ်ချို့ကိုမြုပ်နှံထားသေး၏။

YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠