(Zawgyi)
<8>
"အမေ ဘာလုပ်နေတာလဲ"
နောက်ပါးမှအသံကြောင့် ခေတ်ဆန်သောအပြင်အဆင်
နှင့်အလှအပများပြင်ထားသော အမျိုးသမီးကြီးသည်
ထိတ်လန့်သွားကာ သူမလက်ထဲမှအဖြူရောင်အထုပ်
သေးသေးလေးကိုအလျင်အမြန်ပင်ဖွက်လိုက်သည်။
အစောကသူမသည် ထိုအဖြူရောင်အထုပ်ထဲမှအမှုန့်
များကို အသင့်ဖျော်ထားသောဖျော်ရည်ခွက်ထဲထည့်
နေခြင်းဖြစ်သည်။ သူမနောက်ကိုလှည့်ကြည့်လိုက်
တော့ ကလေးရုပ်ပင်သိပ်မပျောက်သေးသော
ဆယ်ကျော်သက်ကောင်လေးတစ်ဦးကိုတွေ့လိုက်ရသည်။
ကောင်လေး၏တစ်ကိုယ်လုံးက branded များ
ဝတ်ထား၏။ အလိုလိုက်ခံထားရသော လူဘော်ကြော့
ဟူသောစာတန်းချိတ်ထားစရာပင်မလိုပေ။
ကောင်လေးကိုတွေ့သောအခါအမျိုးသမီးကြီးက စိတ်
သက်သာရာရသွားသလို သက်ပြင်းချသည်။ ကောင်
လေး၏လက်တစ်ဖက်ကိုဆွဲကာအနားသို့လာစေပြီး
ခပ်ကြိတ်ကြိတ်ဆိုသည်။
"ခိုင်မြဲတည်တံ့! နင်တော့လား။ ငါ့ကိုလန့်သေအောင်
လုပ်နေတာလား"
"အမေဘာလုပ်နေတာလဲ..အာ အစ်ကိုကြီးကိုဆေး
ခတ်ပြန်ပြီလား"
ကောင်လေးက စားပွဲပေါ်မှအအေးခွက်ကိုတစ်ချက်
ကြည့်ကာ မထူးခြားနားသလိုပြောသည်။ အမျိုးသမီး
ကြီးက မျက်လုံးပြူးသွားကာ ဘေးဘီကိုစိုးရိမ်သလို
ကြည့်သည်။ ကောင်လေး၏ဗိုက်ကိုလိမ်ဆွဲလိုက်သော
အခါ ကောင်လေးဆီမှအော်သံကထွက်လာသည်။
"နင့်ပါးစပ်ကိုထိန်းစမ်း! ငါအခုလိုလုပ်နေတာတွေက
ဘယ်သူ့အတွက်မို့လို့လဲ။ နင့်အစ်ကိုကြီးက ငါ့တို့ကို
ပိုက်ဆံကိုအတိုင်းအတာနဲ့သုံးခိုင်းတာ။ လတိုင်းသူ့ဆီ
မှာပိုက်ဆံတောင်းသုံးနေရတာ သူတောင်းစားကျနေ
တာဘဲ!!..တော်လောက်ပြီ ငါတော့သည်းမခံနိုင်တော့
ဘူး"
ကောင်လေးက နှာခေါင်းရှုံ့သည်။
"သူကအမေ့သားအရင်းလေ။ အဲဒါနဲ့ဘဲ အမေသူ့ကို
အဆိပ်ခတ်နေတာ မှန်တယ်ထင်နေတာလား ဟွန့်"
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠
![နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]](https://img.wattpad.com/cover/306978318-64-k607044.jpg)