(Zawgyi)
<5>
(နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း)ခရီးမှပြန်ရောက်ပြီးသည်နှင့်ခွန်း၏ဘဝမှာပုံမှန်အတိုင်း
ပင်ပြန်လည်လည်ပတ်နေတော့၏။မနက်ပိုင်းကျောင်း
သွားကာညနေပိုင်းတွင်အချိန်ပိုင်းအလုပ်ဝင်သည်။အလုပ်ကပြန်လာချိန်တွင်စာလုပ်ပြီးညည့်နက်မှ
အိပ်ရာဝင်သည်။နှစ်ဝက်ကျောင်းလခပေးရန်နီးလာ
သည်နှင့်ခွန်းအတွက်အချိန်ပိုင်းအလုပ်များမှာပိုကာ
တိုးလာတော့၏။"ခွန်း မင်းနှာခေါင်းသွေးလျှံနေပြီ!"
အချိန်ပိုင်းအလုပ်မှအစ်ကိုကပြောလာ၏။ခွန်းနှာခေါင်း
ကိုလက်နှင့်အမြန်သုတ်လိုက်တော့လက်ဖမိုးတွင်သွေး
များပေကုန်သည်။ခွန်းနှင့်အချိန်ပိုင်းအလုပ်တူတူလုပ်
သောအစ်ကိုကသက်ပြင်းချကာခွန်း၏ပုခုံးတစ်ဖက်ကို
ဖွဖွပုတ်သည်။"ခန္ဓာကိုယ်ကို အတင်းဖိအားမပေးနဲ့ကွ။ ကြိုးစား
တာကောင်းပါတယ် ဒါပေမယ့် ရေရှည်မှာထိခိုက်
လိမ့်မယ်""ကျွန်တော်သိပါတယ် အစ်ကို..။ဒါပေမယ့် နောက်
နှစ်ဝက်အတွက်ကျောင်းလခပေးရတော့မယ်လေ"ခွန်းကလက်ဖမိုးမှသွေးများကိုဘာမှမဖြစ်သလိုပင်
သုတ်လိုက်ရင်းအပြုံးလေးတစ်ခုဖြင့်ပြန်ဖြေလာသည်။
သဘောကောင်းသောအစ်ကိုကသက်ပြင်းထပ်ချပြန်
သည်။ကြာရင်အစ်ကိုလည်းမြန်မြန်အိုစာတာကျတော့
မည်ဟုခွန်းတွေးမိသည်။အစ်ကိုကခွန်းလိုတစ်ကောင်ကြွက်ဖြစ်တာကြောင့်ခွန်း
ကိုသူ့ညီလေးလိုဆက်ဆံပြီးလိုအပ်သည်များကိုလည်း
ကူညီပေးလေ့ရှိ၏။ခွန်းအတွက်အချိန်ပိုင်းအလုပ်အများ
စုကိုစပ်ပေးသူကအစ်ကိုပင်ဖြစ်၏။"ဟူး..ခဏသွားအိပ်လိုက်ခွန်း လူလည်းသိပ်ကျတာ
မဟုတ်ဘူး။ အစ်ကို့ဂျူတီပြောင်းခါနီးမှ အစ်ကိုနှိုးမယ်""မဟုတ်တာ ရ.."
ခွန်းစကားပင်မဆုံးလိုက်အစ်ကိုကခွန်းကိုအတင်းတွန်း
ကာပြောသည်။"သွားစမ်းပါကွာ အမြန်သွားနှာခေါင်းက သွေးတွေကို
လည်း ဆေးလိုက်ဦး။ မျက်လုံးအောက်မှာအမဲတန်းနဲ့
မင်းတစ်ကယ်ကို ပန်ဒါနဲ့တူနေပြီးခွန်း.."
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠