(Zawgyi)
<9>
နောက်တစ်နေ့ မနက်ခင်းတွင်ဖြစ်သည်။
ပင်လုံတိုက်ပုံဝတ်ထားသော အမျိုးသားကြီးသည်
အဆောက်အဦးရှေ့တွင်ရောက်နေပြန်သည်။ ဟုတ်
သည်။ သူသည်လက်မလျော့သေးပေ။
ပြီးခဲ့သည်အဖြစ်အပျက်တွင် သူ့ဘက်ကပြင်ဆင်ချိန်
မရလိုက်သောကြောင့်ဟုသာ သူကယူဆသည်။ ထို့
ကြောင့်ဒီတစ်ကြိမ်တွင်တော့ သူပြင်ဆင်မှုများလုပ်
လာခဲ့သည်။
တစ်ခဏအကြာတွင် အဆောက်အဦးအတွင်းမှ
ခပ်ချောချောနှင့်ကောင်လေး ထွက်လာသောအခါ
ပင်လုံတိုက်ပုံဝတ်အမျိုးသားကြီးသည် သတိအနေ
အထားဖြစ်သွားသည်။ သူက ကောင်လေးနှင့်မျက်
နှာချင်းဆိုင်ပင်လျှောက်သွားလိုက်သည်။
ကောင်လေးအနားသို့ရောက်သောအခါ ခြေချော်ကျ
ဟန်ဆောင်လိုက်သည်။ သူမှန်းထားသလိုပင်
ကောင်လေးက အနားကိုအပြေးရောက်လာကာသူ့ကို
ထူမပေးသည်။
"ဦးလေး အဆင်ပြေရဲ့လား.. ဘယ်နားထိခိုက်မိ
သွားသေးလဲ"
"ဒူးနာသွားတာ လူငယ်လေးရယ်"
"ကျွန်တော် ထူပေးမယ်"
ပင်လုံတိုက်ပုံဝတ်ထားသော အမျိုးသားကြီးသည်
ကောင်လေးကို ကျေးဇူးတင်စကားပြောလိုက်ကာ
သူ့ကိုထူပေးလာသော ကောင်လေး၏လက်ကိုထိ
ထိမိမိကိုင်တွယ်လိုက်သည်။
နေရာတိုင်းတွင် သွေးများဖြင့်ပြည့်နှက်နေသည်။
ကြောက်လန့်စွာအော်ဟစ်နေကြသောအသံများ။
မင်္ဂလာအခမ်းအနားတစ်ခု။ ကျောက်စိမ်းနှင့်ကျစ်
ထားသောလက်ပတ်ကြိုးလေး..။
ဟက် ကနဲနေအောင် လှောင်ရီသံနှင့်အတူ သွေး
ရောင်တောက်နေသော မျက်လုံးများကြောင့် ပင်လုံ
တိုက်ပုံဝတ်အမျိုးသားကြီးသည် အထိတ်တလန့်ဖြင့်
မျက်လုံးများကိုဖွင့်လိုက်သည်။ သူ့တစ်ကိုယ်လုံးတုန်
ရီနေသည်မှာမရပ်တော့ပေ။
"ဦးလေး အဆင်ပြေရဲ့လား ကျွန်တော်ဆေးခန်းလိုက်
ပို့ပေးရမလား"
နွေးထွေးသောမျက်နှာနှင့် လူငယ်လေး၏အမေးကို
သူခေါင်းခါပြလိုက်ကာ အဆင်ပြေပါကြောင်းပြော
လိုက်သည်။ ထိုအခါမှကောင်လေးက အပြုံးလေးဖြင့်
ခေါင်းလေးတစ်ချက်ငြိမ့်ကာ သူ့လိုရာခရီးကိုထွက်သွား
သည်။
YOU ARE READING
နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]
Romanceတစ်ရံရောအခါက နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိသူတစ်ဦးအကြောင်း.. Can include mature content⚠⚠
![နတ်ဆိုးတစ်ကောင်အားပင့်ဖိတ်မိခြင်း[Ongoing]](https://img.wattpad.com/cover/306978318-64-k607044.jpg)