Unicode Version
ရှောင်းကျန့်နိုးလာတော့ နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာရှိ
နေပြီး တင်းကြပ်စွာ အဖက်ခံထားရတယ်။တရာခံ
ကတော့သေချာပေါက် သူ့ရဲ့အယုတ်မာယောကျ်ားပေါ့။"ရိပေါ်...ဖယ်ပေးဉီး...ငါထတော့မယ်"
"အင်း..... အစောကြီးရှိသေးတယ်လေ
အားရှိအောင်ပြန်အိပ်ဉီး"နှိုးလိုက်တော့ တအင်းအင်းတအဲအဲလုပ်ပြီး
သူ့ကိုပါပြန်အိပ်ခိုင်းနေပြန်သည်။"ဘာအစောကြီးလဲ 8နာရီထိုးနေပြီထတော့ မင်းလဲကုမ္ပဏီ
သွားရဉီးမယ်မလား""အင်း.....သွားရမယ်လေ...ဒါပေမဲ့စောပါသေးတယ်"
"မင်းမထချင်လဲနေ ငါကတော့ထတော့မယ်
ငါ့ကိုဖက်ထားတာလွှတ်တော့"ပြောလိုက်တော့ဖက်ထားတဲ့လက်ကို အသာဖြေပေးလာတယ်
ရှောင်းကျန့်လဲရေချိုးခန်းထဲဝင် မျက်နှာသစ်ပြီးကိုယ်လက်
သန့်စင်လိုက်သည်။မနက်စောစောမို့ ရေတော့မချိုးချင်။
ပြီးတာနဲ့ အောက်ထပ်ကိုဆင်းကာ မနက်စာပြင်ဖို့လုပ်လိုက်
သည်။မနက်စာဆိုတော့ ထွေထွေထူးထူးဘာမှလုပ်မနေဘဲ
ထမင်းကြော်နဲ့ကော်ဖီသာ လုပ်လိုက်တော့သည်။ရှောင်းကျန့်မနက်စာပြင်ပြီး နာရီကြည့်လိုက်တော့
8နာရီ45ရှိနေပြီဖြစ်သည်။အပေါ်ထပ်ကတစ်ယောက်
ကခုထက်ထိမထသေးဘူးလားမသိဘူး။"ဘာတွေပြင်ထားတာလဲမွေးနေရော"
တွေးလို့မှမဆုံးသေးဘူး အပေါ်ထပ်ကနေ
ကော့ကော့ ကော့ကော့နဲ့ ဆင်းလာနေတာကိုမြင်လိုက်
ရသည်။ရှောင်းကျန့်သူ့ပုံစံကိုကြည့်ပြီ နှာခေါင်းတစ်ချက်
ရှုံ့လိုက်သည်။All Black Suit ကိုမှ အောက်ကအဖြူခံတစ်ထပ်နဲ့
တွဲဝတ်ထားပြီ necktie ကလဲ Suitနဲ့အလိုက်
Black necktieကိုတွဲဝတ်ထားတာကြောင့်
သူ့ပုံစံက တော်တော်လေး လူကြီးလူကောင်းဆန်နေသည်။
ဆံပင်ပုံစံကလဲ သပ်သပ်ရပ်ရပ်ဖီးထားပြီး ဆံပင်ကို
အလည်ခွဲခွဲကာရှေ့တစ်ဖက်တစ်ချက်မှာလဲချထားသေးသည်