Unicode Version
"အဲလိုကြီး စူပုတ်ပုတ်လုပ်မနေပါနဲ့ ခင်များရဲ့
ဒီဘက်လှည့်ပါဉီး ""....... "
"ခင်များအလိုနှုတ်ခမ်းကြီးဆူနေရင် အထဲက ကလေးပါ
နှုတ်ခမ်းကြီးထော်ပြီး အလှဘဲနေလိမ့်မယ်နော်""အဲဒါမင်းကြောင့်လေ "
"ဟင် ကျွန်တော့ကြောင့် "
ရှောင်းကျန့်စိတ်ဆိုးနေတာသူကြောင့််လို့ဆိုလာတာမို့
ရိပေါ်မျက်လုံးပြူးသွားသည်။ရှောင်းကျန့်စိတ်ဆိုးအောင်
သူဘာမှလည်းမလုပ်မိပါလား အဆိုးလေးကဘာကို
စိတ်ကောက်နေပြန်ပြီလည်းမသိ။"ကျစ်! မသိရင်လည်းလာမေးမနေနဲ့ "
ရှောင်ကျန့်စိတ်မရှည်စွာနဲ့ကျစ်တစ်ချက်ဆုတ်လိုက်ပြီး
သူ့ရှေ့က အူကြောင်ကြောင်လုပ်နေတဲ့ အရူးကောင်ကို
ကြည့်ကာပြောလိုက်သည်။သူဘာလို့စူပုတ်နေလဲတကယ်ဘဲမသိတာလား။
ညကတည်းကသူ့ကိုမဖက်ပါနဲ့လို့အတန်တန်ပြောတာကို
ပြောမရဆိုမရနဲ့လာဖက်တော့ ခုမနက်ခင်း
roundလှည့်တဲ့ဆရာဝန်တွေမြင်ကုန်ပြီလေ။
သူ့လိုရှက်ကြောပြတ်နေတဲ့ကောင်က
ရှက်ရကောင်းမှန်းမသိပေမဲ့
ရှောင်းကျန့်ကတော့ ရှက်လွန်းလို့မျက်နှာဘယ်နားသွား
ထားရမှန်းတောင်မသိ။
တကယ်တော့ ညတုန်းက ရိပေါ်ဖက်အိပ်တာကို သူလည်းကြိုက်ခဲ့တယ်ဆိုပေမဲ့ ဘာဘဲဖြစ်ဖြစ် ဒါဒီလူဆိုးကောင်ကြောင့်ဘဲ။"အော် မနက်ကကိစ္စလား။အင်းပါ အင်းပါ
ကျွန်တော့်ကြောင့်နော် "ဆေးရုံကစထွက်လာကတည်းက ခုကားပေါ်ထိ
စူပုတ်ပုတ်လုပ်နေတဲ့သူကြောင့် ရိပေါ်ကြာတော့
မနေတက်ဖြစ်လာရသည်။
အကြောင်းကတော့ ကုတင်ပေါ်မှာသူတို့နှစ်ယောက်
ဖက်အိပ်နေတာကို မနက်ခင်းစောစော roundလှည့်တဲ့
ဆရာဝန်တွေမြင်သွားတာကြောင့် ဖြစ်သည်။ဒီနေ့မှဆရာဝန်ကြီးကတစ်ယောက်ထဲလာတာမဟုတ်ဘဲ
အလုပ်သင်ဆရာဝန်အငယ်လေးတွေပါ ပါလာတော့
အရှက်ကြီးတဲ့ ရှောင်သခင်လေးက အရှက်လွန်ပြီး
မျက်နှာတွေရဲလာတော့သည်။
ပါလာတဲ့ ဆရာဝန်မလေးတွေကလည်း သူတို့နှစ်ယောက်ကို
ကြည့်ကာ ပြုံးစိပြုံးစိလုပ်နေသည်မို့ ရှောင်းကျန့်တင်မဟုတ်
ကြာတော့သူပါအနေခက်လာ၏။