Yibo's Pov
ရိပေါ်ဒီမနက်ကျောင်းထဲကိုဝင်လာတော့ လူစုနေတဲ့နေရာ
တစ်ခုကိုတွေ့သွားတယ်။ ဘာဖြစ်တာလဲဆိုပြီး သွားကြည့်
လိုက်တော့ ကောင်မလေးတစ်ယောက်က ခပ်ချောချော
ကောင်လေးတစ်ယောက်ကို ဘောပင်ပေးနေခြင်းဖြစ်သည်။ရိပေါ်သာမန်ရီးစားကိစ္စလို့ ထင်လိုက်သည်။ဒါပေမဲ
ထိုကောင်လေးက ကောင်မလေးဘောပင်ကို
လွှတ်ပြစ်ပြီး မတူသလိုမတန်သလို
လုပ်ကာ လှည့်တောင်မကြည့်ဘဲ အခန်းထဲဝင်သွားတာမို့"ဟာ ဒီကောင် အရမ်းရိုင်းတာဘဲ "
ဟု ရိပေါ်ရေရွတ်လိုက်မိသည်ထိပင်။
တကယ့် မာနမင်းသားဘဲ။ရိပေါ်ဆရာမမိတ်ဆက်ပေးမှုနဲ့ အခန်းထဲကို တစ်ချက်ဝေ့
ကြည့်လိုက်တော့ ဘယ်ဘဝကရေစက်မှန်းမသိ
ထိုမာနကြီးတဲ့ကောင်လေးနဲ့ တစ်ခန်းထဲဖြစ်နေသည်။
သူစဝင်လာကတည်းက သူ့တစ်ကိုယ်လုံးကို သေချာကြည့်
ပြီး နှာခေါင်းရှုံ့သွားတဲ့သူကြောင့် ရိပေါ်နဲနဲတော့
ဒေါသထွက်သွားသည်။သူက ဘာကောင်ကြီးမလို့
လူတိုင်းကို မတူသလိုမတန်သလို ဆက်ဆံနေရတာလဲ။ဆရာမက လွတ်တဲ့နေရာဝင်ထိုင်ဆိုပြီး ကြည့်လိုက်တော
ထိုမာနခဲဘေးကလွဲရင် ကျန်တဲ့နေရာတွေအကုန်ပြည့်နေသည်ရိပေါ်လာနေတာမြင်ကာမှ သူလွယ်အိပ်ကို ဘုန်းခနဲ
ခုံပေါ်ပစ်တင်လိုက်တာမို့ ရိပေါ်ဒေါသထောင်းကခနဲထွက်
သွားပြီး ထိုမာနခဲနှင့် အချေအတင်စကားများကြသည်။
ရိပေါ်ကို ကတ်ကတ်လန်အောင်ပြန်ရန်တွေ့နေတာများ
ခုနကတွေ့ခဲ့တဲ့ တည်ငြိမ်တဲ့မနခဲမဟုတ်သည့်အတိုင်းပင်။နောက်ပိုင်းဆရာမှဝင်ပြောတော့မှ ထိုမာနခဲက မဖယ်ချင်
ဖယ်ချင်နဲ့ သူ့လွယ်အိပ်ကိုဖယ်ပေးလာသည်။
စာသင်နေတဲ့တစ်လျှောက်လုံးလဲ သူ့ကိုကြည့်ကာ
မျက်စောင်းတွေချည်လှိမ့်ထိုးနေသည်မှာ တကယ်ကလေး
ပေါက်စအတိုင်းပင်။မာနခဲကိုစချင်တာမို့ ရိပေါ်ပီကေကိုတဖောက်ဖောက်မှုတ်ပြီး
ခုံကိုပါ တလှုပ်လှုပ်နဲ့ကန်နေသည်။တစ်ခါတစ်ခါ
စာရေးသလိုလို ဘာလိုလိုနဲ့ သူ့ခုံဘက်ကိုကျော်သွားပြီး
တတောင်နဲ့ သူ့လက်ကိုထိကာ သွားစနေလိုက်သည်။
သူ့ကိုစနေမှန်းသိတော့ မာနခဲမျက်စောင်းက ဒိုင်းကနဲဘဲ
ဒါပေမဲ့ ဘာမှတော့မပြောသေး။မျက်စောင်းအရမ်းထိုး
တဲ့မာနခဲကအရင်ဘဝကနဂါးသေလို့ ဝင်စားတာဖြစ်ရ
မယ်လို့ ရိပေါ်တွေးလိုက်သည်။