Unicode Version
"တောက်စ်! ဒီချိန်ထိတောင်ပြန်မလာဘူးဆိုတော့
ဘယ်ဟာမနဲ့အလေလိုက်နေလဲမသိဘူး "မနက်ကတည်းက ကုမ္ပဏီဆိုပြီး
ထွက်သွားလိုက်တာ ညဉ့်နက်သန်းခေါင်းထိ
ပြန်မလာသေးတဲ့သူကြောင့်ရှောင်းကျန့်ဒေါသထွက်
လို့နေသည်။ကိုယ့်ကိုကျအိမ်ထဲကအိမ်ပြင်မထွက်ခိုင်း
ဘဲပိတ်လှောင်ထားပြီး သူကျတော့ညဉ့်နက်သန်းခေါင်ထိ
အလေလိုက်နေလဲ ရတယ်ပေါ့လေ။ဟက်! တော်တော်လေးတရားလှချည်လားဝမ်ရိပေါ်ရဲ့။
ကိုယ်ကသူလိုချင်တဲ့အချိန်တိုင်းမပေးတော့
ပေးတဲ့ဟာမတေဆီသွားစားနေပြီထင်ပါရဲ့။ဖြစ်ချင်တိုင်း
ဖြစ်လာပြီး ငါ့အသားလာထိလို့ကတော့ သူသေကိုယ်သေ
ဘဲမှတ်။ ရှောင်းကျန့်ဆိုတာ ဒင်းလိုချင်းတိုင်း
ပေါင်ကားပေးတက်တဲ့ ပေါပေါပဲပဲကောင်မတွေလို
မဟုတ်ဘူးဆိုတာ ဒင်းသိအောင်ပြရဉီးမယ်။ရှောင်းကျန့်ဒီနေ့မှဘာဖြစ်ချင်နေလဲမသိ အိပ်ချင်စိတ်လဲ
မရှိသလို Tvကြည့်ချင်စိတ်လဲမရှိ။
ဒီလိုဖောက်ပြန်တက်တဲ့ ယောကျ်ားကို
သံယောဇဉ်မပြတ်နိုင်သည့် သူကိုယ်သူလဲဒေါသထွက်မိ
ပါသည်။ဖြစ်နိုင်ရင် အရင်တုန်းကသူချစ်ခဲ့မိတဲ့
လူဆိုလေးကိုသာ ပြန်လိုချင်မိပါသည်။ အရင်တုန်းကသူအရမ်းချစ်ခဲ့တဲ့လူဆိုးလေးက ဒီလို
အငြိုးအတေးကြီးပြီး ဖောက်ပြန်တက်တဲ့လူယုတ်မာကြီး
ဖြစ်လာလိမ့်မယ်လို့ သူဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး။ဘာလို့ဆို သူ့ဆိုးလေးကသူ့ကိုအရမ်းချစ်ခဲ့တာလေ....
ရှောင်းကျန့်ဘယ်လိုမှအိပ်လို့မပျော်တာနဲ့စိတ်ပြေလက်
ပျောက် ဖုန်းလေးဖွင့်ပြီး weiboထဲဝင်ကြည့်လိုက်သည်။
ဟိုတစ်ယောက်ဆီကိုစိတ်မရောက်အောင် ဟာသvdနဲ့
သီချင်းလေးတွေရှာကြည့်မည်ဟုမှန်းထားလိုက်သည်။
ဒါလေးကြည့်ပြီးရင်တော့ အိပ်ချင်စိတ်ဖြစ်လောက်မှာ
ပါလေ။ဟိုတစ်ယောက်ကတော့ပြန်ချင်တဲ့အချိန်မှပြန်ပါလေ့စေ
တစ်သက်လုံးပြန်မလာကောင်းတာဘဲ။ခုအိပ်မပျော်တာလဲ
ဒင်းပြန်မလာလို့မဟုတ်ဘူး မနက်ကကော်ဖီသောက်တာ
များသွားလို့အိပ်မပျော်တာ ဟုတ်တယ် အဲဒါမနက်က
ကော်ဖီကြောင့်ဘဲ။နေ့တိုင်းသောက်နေကျ
ကော်ဖီကိုသာအပြစ်တင်ရင်း weiboထဲဝင်ပြီး
ဟိုဆွဲဒီဆွဲလုပ်နေလိုက်သည်။