ရှောင်းသခင်လေး (Part 32)

13.9K 812 24
                                    

Unicode Version

ရှောင်းကျန့်ဇာတ်ကားတစ်ပိုင်းကြည့်ပြီးလို့နာရီကိုတစ်ချက်
ကြည့်လိုက်တော့ 12နာရီထိုးခါနီးနေပြီဖြစ်သည်။
မျှော်နေတဲ့ရိပေါ်လည်းခုထိပေါ်မလာသေးသည်မို့
စိတ်မရှည်တဲ့ရှောင်းကျန့်ကနှုတ်ခမ်းဆူချင်နေပြီဖြစ်၏။
ဇာတ်ကားလည်းနောက်တစ်ပိုင်းဆက်မကြည့်ချင်
တော့တာမို့ Tvပိတ်ပြီး ဆိုဖာပေါ်မှာထိုင်နေလိုက်တော့
သည်။

"သူအလုပ်မအားသေးလို့များလား "

ရှောင်းကျန့်တစ်ကိုယ်ထဲရေရွတ်ရင်း တွေးတောလိုက်သည်။
ထိုနောက်တွေးနေရင်းသူ့ခေါင်းထဲမှာ
အကြံတစ်ခုပေါ်လာလေသည်။

"ကုမ္ပဏီကိုထမင်သွားပို့ပြီးအတူစားရင်ကောင်းမယ် "

စိတ်ထဲမှာတွေးနေတဲ့အတွေးကို အသံထွက်ခါရေရွတ်လိုက်
တဲ့ရှောင်းကျန့်က မျက်လုံးလေးအရောင်လက်သွားသည်။

အလုပ်တွေများတဲ့ရိပေါ်ကမအားလို့မပြန်နိုင်ပေမဲ့ သူက
အိမ်မှာအားနေတာဘဲဟာ ထမင်းသွားပို့ပေးလိုက်ရင်
ကောင်းမယ်ထင်တယ်။ဒါပေမဲ့ ဒီလိုကြီးတစ်ခါမှမလုပ်
ဖူးတော့ နည်းနည်းတော့ရှက်မိသား ။ဘာဘဲဖြစ်ဖြစ်
သူကရိပေါ်နဲ့လက်ထပ်ထားတဲ့ ရိပေါ်အိမ်သားဘဲဟာ
လိုက်သွားလည်း ရိပေါ်ကသူ့အပိုင်ပါဆိုတာကို
တရားဝင်ကြေညာပြီးသားလည်းရတာပေါ့။
ပြီးတော့ သူဒီလိုထမင်းလာပို့တာသိရင် ရိပေါ်အံ့သြပြီး
ပျော်သွားလိမ့်မယ်ထင်တယ်။ရှောင်းကျန့်ကိုယ့်အတွေးနဲ့
ကိုယ်ပြုံးလိုက်ပြီး ရိပေါ်ကုမ္ပဏီလိုက်သွားဖို့ ပြင်လိုက်
တော့သည်။

.
.
.
ဂျိုင့်အဆင့်ဆင့်ထဲကို သူချက်ထားတဲ့ဟင်မျိုးစုံကို
သေချာပြင်ဆင်ပြီးထည့်လိုက်သည်။
ထို့နောက် ဝမ်အိမ်တော်မှမထွက်ခင်
ပေါ့ပေါ့ပါးပါးဖြစ်အောင် အဝတ်အစားအရင်
လဲလိုက်၏။မနက်ကတည်းမီးဖိုခန်းထဲဝင်ထားရတာမို့
တစ်ကိုယ်လုံးဟင်နံ့တွေစွဲနေပြီး လူလည်းအတော်ပန်းနေပြီ
ဖြစ်သည်။သိုပေမဲ့ ရေတော့ချိုးမနေတော့ အဝတ်လဲကာ
ကြည့်အောင်ပြင်ဆင်လိုက်တော့သည်။

ရိပေါ်က သူ့အတွက်T-shirtအပွတွေသီးသန့်ဝယ်ပေး
ထားပေမဲ့ သူမဝတ်ဖြစ်။ရိပေါ်ဝတ်ပြီးသား T-shirt
အပွတစ်ထည်ကိုသာဆွဲထုတ်လိုက်သည်။T-shirt
ဆီကနေ ခပ်သင်းသင်းပျံလွင့်လာတဲ့ ရိပေါ်ရဲ့ကိုယ်သင်း
နံလိုအမွှေးရနံ့ကြောင့် မျက်လုံးမှိတ်ကာ သူချာရှုရှိုက်
လိုက်၏။ထိုနောက် စိတ်ကျေနပ်အောင်ရှုရှိုက်ပြီးကာမှ
အိင်္ကျီလဲလိုက်ကာ ခါးစည်းပျော့တဲ့ style pant
နဲ့တွဲဝတ်လိုက်သည်။

ရှောင်းသခင်လေးTempat cerita menjadi hidup. Temukan sekarang