Unicode Version
"လာ ကိုယ်နဲ့အတူသွားကြမယ်"
"မင်းအလိုလုပ်လို့ဖြစ်ပါ့မလား"
"ဘာလို့မဖြစ်ရမှာလဲ ။ဘာလဲပေါင်ပေါင်းက ခနကကောင်
မလေးနဲ့သွားချင်လို့လား""မဟုတ်ပါဘူး ငါကဒီတိုင်း"
"ဒီတိုင်းမနေနဲ့ လာသွားမယ် သူများတွေသွားကုန်ကြပြီ"
"အင်း "
ဆရာမဆီကမြေပုံတစ်ခုယူပြီး တောထဲကိုအလှံရှာ
ထွက်လာခဲ့ကြသည်။အလှံရဖို့ထက် ရှောင်းကျန့်နဲ့
နှစ်ယောကထဲအတူသွားရဖို့ကပိုအရေးကြီးသည်မို့
ဖြည်းဖြည်းချင်း စကားတပြောပြောနဲ့လျှောက်လာခဲ့သည်။"ပေါင်ပေါင်းခြေထောက်ညောင်းရင် ပြောနော်"
"မင်းကဘာလုပ်မလို့လဲ"
"ကိုယ်ကုန်းပိုးမယ်လေ"
ရိပေါ်စကားကြောင့်ရှောင်းကျန့်မျက်နှာလေး ရဲသွားသည်။
ဒီလူဆိုးကောင် လူကိုရင်ခုန်အောင် အမျိုးမျိုးပြော
နေတော့တာဘဲ။ရှောင်းကျန့်ရှက်နေတဲ့မျက်နှာလေးကို
အသာပြင်လိုက်ပြီး..."မင်းကငါ့ကိုကလေးများမှတ်နေလား "
"မမှတ်ပါဝူး လူကြီးလေးရယ်"
ရယ်သံစွတ်ကာခပ်ရွတ်ရွတ်လေးပြောလိုက်တော့
ရှောင်းကျန့်မျက်စောင်းလေးကဒိုင်းကနဲဘဲ။ရိပေါ်တို့တောထဲကိုရောက်နေတာအတော်ကြာပြီဖြစ်ပေမဲ့
ခုထိအလှံတစ်ခုတောင်မတွေ့ပေ။ရှေ့ကလူတွေအရင်
ဉီးသွားပြီထင်ရဲ့ သူကတော့မရလဲဂရုမစိုက်ပါ
ရှောင်းကျန့်နဲ့အချိန်ဖြုန်းရရုံနဲ့ကိုကျေနပ်နေပြီ။"အ့..."
"ပေါင်ပေါင်းဘာဖြစ်တာလဲ"
ရှောင်းကျန့်ရဲ့အော်သံကြောင့်ရိပေါ်လန့်ပြီးထိတ်ထိတိပြာပြာ
ဖြစ်သွားသည်။ဘေးကရှောင်းကျန့်ကိုပြန်ကြည့်လိုက်တော့
မြေကြီးပေါ်မှာ ခြေထောက်ကိုကိုင်ပြီး ငုတ်တုတ်ကလေး
ထိုင်နေသည်။"ဟို ခြေခေါက်ပြီးလဲသွားတာ "
"မှန်းကိုယ့်ကိုပြကြည့် "