Unicode Version
"အထုပ်တေကျန်ခဲ့မယ်နော် သေချာယူကြ"
ပြန်ရတော့မှာမို့အထုပ်တေမကျန်ခဲ့စေရန် ဆရာမမှသတိ
ပေးနေသည်။တစ်ချိ့ကလည်းအထုပ်တေကိုယ်စီသိမ်းရင်း
တစ်ချို့ကလဲ ကားပေါ်တောင်ရောက်နေကြပြီဖြစ်သည်။"ပေါင်ပေါင် ကိုယ့်ကိုအိတ်ပေး"
"ရပါတယ် ငါ့ဘာသာယူခဲ့မယ်"
ပြောပြီးတာနဲ့ချက်ချင်းဘဲကားပေါ်တက်သွားတော့သည်။
ညကကိစ္စကိုရှက်နေသေးသည်ထင်ပါရဲ့။"ကဲ အားလုံးဘဲလူစုံရင် ကားထွက်တော့မယ်နော်"
"ဟုတ်..."
ပြောလိုက်တာနဲ့ ကားလေးသည်ထိုနေရာမှတငြိမ့်ငြိမ့်နဲ့
ပြန်လည်ထွက်ခွာလို့နေသည်။"ပေါင်ပေါင်"
"ဟင်"
သူခေါ်လိုက်တော့အသံတိုးတိုးလေးနဲ့ပြန်ထူးလာပြီး
ခုထိသူ့ကိုသေချာမကြည့်သေးပေ။"ဟို ညကလေပေါင်ပေါင်နဲ့ကိုယ်နဲ့နမ်းခဲ့တာ
မှတ်မိသေးလားဟင်"ရှောင်းကျန့်ဘာမှပြန်မပြောဘဲ ခေါင်းသာငုံ့နေမိသည်။
လူကိုဘာတေလာမေးနေလဲမသိဘူး။
မမှတ်မိဘဲဘယ်သူကဒီလောက်ထိရှက်နေမှာလဲ။"ပေါင်ပေါင်လို့"
"ဘာလဲ"
"ပေါင်ပေါင်ညက ကိုယ့်ကိုနမ်းခွင့်ပြုလိုက်တာ ပေါင်ပေါင်လဲ
ကိုယ့်လိုဘဲ ချစ်နေလို့မလားဟင်"ချစ်တယ်လို့မပြောဘဲ ချစ်လားလို့လာမေးနေတဲ့
လူဆိုးကောင်ကြောင့်ရှောင်းကျန့်နှုတ်ခမ်းဆူလိုက်မိသည်။
ရီးစားစကားမပြောဘဲ အဖြေလိုချင်နေတာလား။"မသိဝူး "
"ဘာမသိတာလဲ ပေါင်ပေါင်ကလဲ ကိုယ့်လိုဘဲချစ်နေတယ်
မလားဟင်""မသိပါဝူးဆို "
အလိုက်မသိတဲ့သူကြောင့် ရှောင်းကျန့်နှုတ်ခမ်းဆူရင်း
ပြောလိုက်သည်။ရီးစားစကားမပြောတက်ဘူးလား။"ပေါင်ပေါင်လို့ "
မျက်နှာငယ်နဲ့ခေါ်လာတဲ့သူကြောင့်ရှောင်းကျန့်စိတ်မရှည်
သလိုသက်ပြင်းတစ်ချက်ချလိုက်ပြီး...