Unicode Version
"ငါ့ကိုဘယ်တော့မှလာမဖက်နဲ့တော့ဝမ်ရိပေါ် "
ရှောင်းကျန့်ရဲ့အသံစူးစူးကထွက်ပေါ်လာသည်။
"မဟုတ်ဘူးပေါင်ပေါင် မောင်တောင်းပန်ပါတယ်
မောင်သတိလက်လွတ်ဖြစ်သွားလို့ပါ ""ဘာ သတိလက်လွတ်ဖြစ်တယ်ဟုတ်လား
အမြဲတမ်းငါမင်းရင်ခွင်ထဲမှာအိပ်နေကျမလား
ဒီနေ့မှဘယ်လိုဖြစ်လို့ ငါမင်းရင်ခွင်ထဲဝင်တာနဲ့
ဆက်ခနဲတုန်ပြီးရှုံ့မဲ့သွားရတာလဲ ငါကိုအလောက်တောင်
မထိချင်တော့ဘူးလား "ရှောင်းကျန့်ရဲ့ငိုသံပါတဲ့အသံကျယ်ကြီးဟာထွက်ပေါ်
လို့လာသည်။အသံကျယ်လွန်းတာကြောင့်
အိပ်နေတဲ့သားတောင်တစ်ချက်လှုပ်သွားသည်။ရိပေါ်ကသူ့ကိုအလောက်ဘဲမထိမကိုင်ချင်တော့လောက်
အောင်စိတ်ကုန်နေတာများလား။"မောင်တောင်းပန်ပါတယ်ကွာ ရုတ်တရက်ဆိုတော့
မောင့်လန့်သွားလို့ပါကွာ လာလာမောင်ရင်ခွင်ထဲပြန်ဝင်
နေနော်""ဖယ်စမ်းပါ "
"အ့.."
သူ့ကိုလာဖက်တဲ့ရိပေါ်ရင်ဘက်ကိုတွန်းထုတ်လိုက်တော့
'အ'ကနဲအသံမြည်ပြီးရှုံ့မဲ့သွားတဲ့ရိပေါ်။
သူတွန်းတာဖြည်းဖြည်းလေးကိုအလကား
လာအပိုလုပ်နေပြန်ပြီ။"အင်းပါ ပေါင်ပေါင်မကြိုက်ရင်မောင်မဖက်တော့ဘူးနော်
ညဉ့်နက်နေပြီဆိုတော့ အိပ်တော့လေ"ရှောင်းကျန့်ရိပေါ်ကိုဘာစကားမှမပြောဘဲသူ့ကို
ကျောပေးကာအိပ်ပစ်လိုက်သည်။
ထို့နေညက ကျောပေးကာအိပ်နေသောကောင်လေးသည်
အချိန်တစ်ခုအကြာတွင် ကောင်လေးတစ်ယောက်ရဲ့
ရင်ခွင်ထဲကိုပြန်ရောက်သွားတယ်ဆိုတာမသိလိုက်ပေ။---------------------------------------------------------
ဆောင်းတွင်းသို့ရောက်လာပြီမို့ မနက်ခင်စောစောအချိန်သည် အလွန်မှချမ်းပြီး
အတော်အိပ်လို့ကောင်းသည့် ရာသီပင်။
မနက်ပိုင်း(၈)နာရီထိုးတာတောင်အတော်ချမ်းနေသေးပြီး
အိမ်အပြင်ဘက်တွင်နှင်းမှုန်ဖွေးဖွေးတို့ပြန့်ကျဲနေသည်။
တရုတ်ဆောင်းသည်အလွန်းအေးပြီးသည်မို့
နှင်းကျသံတဖြောက်ဖြောက်ကိုလည်းကြားနေရ၏။