ရှောင်းသခင်လေး (Part 6)

15.2K 1K 35
                                    

Unicode Version

ရှောင်းကျန့်ကျောင်းထဲကိုဝင်လာတော့ ကျောင်းသူတစ်ချို့
ကသူ့ကိုကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ပြောနေကြသည််။
အတန်းထဲကိုရောက်တော့လဲ အတန်းထဲကလူတစ်ချို့က
သူ့ကိုကြည့်ပြီး အချင်းချင်းတီးတိုးပြောနေပြန်တယ်။

ရှောင်းကျန့်ခုမှသတိရသွားသည်။
မနေ့ကလူဆိုးကောင်သူ့ကိုနမ်းလိုက်တာနဲ့
သူထောက်ချွန်နဲ့​ပြန်ထိုးလိုက်တာကိုမြင်သွားကြတာဘဲ။
ခုလဲသူ့ကိုကြည့်ပြီး ဒီအကြောင်းပြောနေတာဖြစ်ဟု
ထင်လိုက်သည်။လူဆိုးကောင်ကြောင့် ရှောင်းကျန့်
ဂုဏ်သိက္ခာနဲ့မာနတွေလဲ တစ်ပြားသားမှမရှိတော့ပေ။

ရှောင်းကျန့် သူ့အတင်းပြောနေတဲ့လူတွေကို ဂရုစိုက်
မနေတော့ဘဲ ခုံမှာသာဝင်ထိုင်လိုက်သည်။

ခနကြာတော့လူဆိုးကောင်လဲ အတန်းထဲကိုဝင်လာသည်။
လူဆိုးကောင်ဝင်လာတာမြင်တော့လဲ လူဆိုးကောင်ကို
တစ်လှည့် သူ့ကိုတစ်လှည့်ကြီးပြောနေကြပြန်သည်။
တကယ်အဆင့်အတန်းမရှိတဲ့ဟာတွေ။
လူဆိုးကောင်ကတော့ ဘေးကလူတွေကိုရှိတယ်လို့တောင်
မထင်ဘဲ သူ့ခုံဆီကိုတန်းလာနေသည်။

"မာနခဲ ကျောင်းဆင်းရင်အတူတူ ပြန်ကြမလား"

ရိပေါ်သူ့ခုံမှာဝင်ထိုင်ပြီးနောက် မာနခဲကိုစကားစလိုက်သည်။
သူဝင်လာကတည်ကစူပုတ်နေတဲ့မျက်နှာလေးက
သူခေါ်လိုက်တော့ပိုစူပုတ်သွားသည်။ဒီလိုစူပုတ်ပုတ်
လေးကလည်းချစ်ဖို့ကောင်းနေပြန်ရော။

"ဘာ မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်"

"မာနခဲလို့လေ မင်းနဲ့လဲလိုက်တယ်မလား"

"မလိုက်ဘူး မခေါ်နဲ့"

"ဘာဖြစ်လိုလဲ ဒီလောက်လိုက်ဖက်နေတာကို"

"ဝမ်ရိပေါ်!! မင်းကိုမခေါ်နဲ့လို့ပြောနေတယ်နော်"

မာနခဲကဒေါသထွက်ကာ အော်လာသည်။
နှုတ်ခမ်းပါးလေးကိုလည်းယုန်သွားလေးနဲ့ကိုက်လို့။

"ဟုတ်ပြီလေ အဆိုလဲ မာနခဲလို့မခေါ်တော့ဘူး။
ပေါင်ပေါင်းလို့ခေါ်မယ်လေ ရလား"

ရှောင်းသခင်လေးOnde histórias criam vida. Descubra agora