ရှောင်းသခင်လေး (Part 22)

17.9K 927 53
                                    

Unicode Version

"ရှောင်းကျန့်ထတော့လေ အရမ်းအိပ်ရင်ခေါင်းကိုက်နေ
လိမ့်မယ် "

မနက်(9)နာရီထိုးထိတောင် မထသေးတာမို့ရိပေါ်နှိုးလိုက်
ပေမဲ့ ပြန်ဖြေသံကိုမကြားရ။ဒီနေ့မှမဟုတ်
ကားပေါ်မှာအတင်းအဓမ္မရယူခဲ့တဲ့နေကစပြီး
ရှောင်းကျန့်ကသူ့ကို
စကားမပြောတော့ခြင်းဖြစ်သည်။မနက်ဆိုလည်း
သူအလုပ်သွားခါနီးတောင်မထဘဲအိပ်ပြီး
ညဆိုလဲ တစ်ညလုံးTv တွေထိုင်ကြည့်ကာ
အိပ်ဖို့ပြောလဲမရ။ရိပေါ်လည်းကိုယ့်အမှားနဲ့ကိုယ်မို့
အရမ်းကြီးမချုပ်ကိုင်ရဲ ခုလိုလေးသူ့ဆီက ထွက်မသွားရုံ
နဲ့တင် ကျေနပ်ပါသည်။

ဒီနေ့နဲ့ဆိုသူ ရှောင်းကျန့်နဲ့အတူမနေရတာ (1)လတောင်
ပြည့်တော့မည်လေ။သိုပေမဲ့ ရိပေါ်အတင်းအကြပ်မရယူ
ချင်ပါ။ ဟိုနေညကအရမ်းဒေါသအရမ်းထွက်နေလို့သာ
ရှောင်းကျန့်ကိုအတင်းရယူလိုက်ရပေမဲ့ သူလဲစိတ်မကောင်း။

ဒါပေမဲ့လည်း အတူမနေရတောင် ဖက်တာနမ်းတာလောက်
တော့လုပ်ချင်ပေမဲ့ အဆိုးလေးကသူ့အသားကိုထိခွင့်တောင်
မပေးတာမို့ ရိပေါ်စိတ်ညစ်နေရသည်။ပိုဆိုးတာက
သူတို့နှစ်ယောက်ကြားထဲကိုရောက်လာတဲ့ကတုံးမပင်။
ကတုံးမဆိုတာ ရှောင်းကျန့် ရှောင်အိမ်တော်ကနေ
သွားယူလာတဲ့ ခေါင်းပြောင်ပြောင်နဲ့အစိမ်းရောင်
လိပ်ရုပ်ဖြစ်သည်။

ထိုကတုံးမကိုသူတို့နှစ်ယောက်ကြား
ထားကာအိပ်သည်မို့ ရှောင်းကျန့်အသားကိုထိခွင့်တောင်မရ။
ညဘက်တစ်ရေးနိုးရှောင်းကျန့်ဘက်ကိုလှည့်လိုက်တိုင်း
စပ်ဖြဲဖြဲနဲ့ကတုံးမကိုမြင်လေ သူဒေါသထွက်လေဖြစ်သည်။

ဒီလိုပုံဆိုးပန်းဆိုးအရုပ်ကိုဘယ်ကများရှာဝယ်လာပါလိမ့်။
ထိုကတုံးမကိုအမြင်ကပ်သော်လည်းသူသွားမထိရဲ
ခုတောင်စကားမပြောတာ သူ့ကတုံးမကိုသွားထိလို့
ပိုဆိုးနေပါဉီးမည်။နေနှင့်ဉီးပေါ့ကတုံးမရယ်
သူနဲ့ရှောင်းကျန့်ပြန်အဆင်ပြေကာမှ ဒီကတုံးမကိုအမှိုက်
ပုံးထဲသွားပစ်မည်ဟုရိပေါ်တေးထားလိုက်သည်။

"ရှောင်းကျန့် ကျွန်တော်ကုမ္ပဏီသွားတော့မယ်နော်
အရမ်းအိပ်မနေနဲ့ဉီး "

ရှောင်းသခင်လေးOù les histoires vivent. Découvrez maintenant