Unicode Version
ရက်အနည်းငယ်ကြာသော်.....
ဒီနေ့နဲ့ဆို ရှောင်းကျန့်တို့ဆေးရုံကိုရောက်နေတာ
ရက်အတော်ကြာသွားပြီဖြစ်သည်။ခွဲထားတဲ့ဗိုက်လည်း
အတော်ကျက်နေပြီမို့ ဆရာဝန်ကြီးကတော့ဆေးရုံကဆင်း
ချင်ဆင်းလို့ရပြီဟု ပြောသည်။ဆေးရုံဆေးခန်းတွေမကြိုက်
တဲ့ရှောင်းကျန့်ကတော့ မနက်ဖြန်ဘဲဆေးရုံကဆင်းမည်မို့
သိမ်းစရာရှိတာသိမ်းဆည်းနေပြီဖြစ်သည်။ဆေးရုံတက်နေတဲ့အတောအတွင်းလည်း ပါးနဲ့မားက
နေ့တိုင်းလာကာ ကလေးကူထိန်းပေးတက်သည်။
တစ်ခါတစ်လေ လီလီနဲ့ရွှမ်းချူတို့ကလည်း
ရောက်လာတက်သည်။လာရင်လည်းလူချည်ဘဲမဟုတ်
သူ့အတွက်စားစရာတွေနဲ့ ကလေးအရုပ်တွေပါ
ဝယ်လာတက်၏။သူတို့ရောက်လာတဲ့ချိန်ဆို သားကို ရိပေါ်တောင်မချီရ
လီလီနဲ့ရွှမ်းချူကဒိုင်ခံချီထိန်းလေသည်။သားကလည်း
သူ့ဆွေမျိုးမှန်းသိ၍လား လက်ကြိုက်၍လားတော့မသိ
သူတို့နှစ်ယောက်လက်ထဲဆိုငြိမ်ပြီး ဘာသံမှမကြားရ။ခုလည်းမနက်ဖြန်ဆေးရုံကဆင်းတော့မှာမို့ သိမ်းစရာရှိ
တာတွေသိမ်းနေရင်း လီလီတို့ရောက်လာကာ
လမ်းလျှောက်ဆိုပြီး သားကိုခေါ်သွားကြသည်။
လက်ကြိုက်တဲ့လူဆိုးလေးကတော့ ချီပြီးဟိုသွား
ဒီသွား သွားနေရရင် နို့ဆာမှန်းတောင်မသိ ငြိမ်ပြီးပါ
သွားလေသည်။"မောင် သားကိုလိုက်ခေါ်လိုက်ဉီး သူနို့ဆာနေလောက်
ရောပေါ့ "ပစ္စည်းနေသိမ်းဆည်းနေတဲ့ရိပေါ်က သူ့စကားကြားတော့
လှည့်ကြည့်လာပြီ...."အင်း...မောင်သွားခေါ်လိုက်မယ် မင်းသားလူဆိုးလေးကတော့ အလိုသာသွားနေရရင် နို့ဆာမှန်းတောင်မေ့နေလောက်တယ်"
"အဲဒါ မင်းနဲ့တူလို့ဖြစ်မှာပေါ့ "
"ဟာ ဘယ်ကသာမောင်နဲ့တူရမှာလဲ မောင်ကမင်းအနားက
လွဲပြီးဘယ်မှမသွားပါဘူးနော် ""အဆို ငါနဲ့တူတာလားပြော ငါကရောဘယ်သွားလို့လဲ "
ရိပေါ်ရောရှောင်းကျန့်ရော ဟိုသွားဒီသွားလုပ်ရတာမကြိုက်
ပေမဲ့ သားကအလိုသွားရတာအရမ်းကြိုက်သည့်ပုံပင်။
ဟိုသွားဒီသွားများသွားနေရရင် တအဲ့အဲ့အသံတောင်မကြား
ရ မျက်လုံးကလည်ကလည်နဲ့ငြိမ်ပြီးပါသွားတက်သည်။